|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အံ့ချီးမကုန် မြတ်ရွှေတိဂုံ
-
-
Author(s):
ရွှေတိဂုံဂေါပကအဖွဲ့
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 299
- Binding: Paperback
- Publication Month Year: 1999
- Size: 20 cm x 29 cm
|
- Description: မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာ အထွဋ်အထိပ်ထားရာ နေရာမြတ်အဖြစ်လည်းကောင်း၊ ကမ္ဘာ့လှည့်ခရီးသွားများ မသွားမဖြစ် မရောက်မဖြစ် ရောက်ရှိရာနေရာလည်းဖြစ်သော ရွှေတိဂုံစေတီတော်တွင် ၁၉၉၈ ခုနှစ်က ထီးတော်အသစ်တင်လှူပူဇော်ခဲ့သည်။ ယခုစာအုပ်တွင် ရွှေတိဂုံစေတီတော်၏ သမိုင်းအကျဉ်း၊ ယခင်ထီးတော်အဟောင်း၏ အခြေအနေနှင့် အသစ်ပြင်ဆင်ရန် လိုအပ်လာပုံတို့ကို ပညာရှင်တို့က လေ့လာတွေ့ရှိပုံ၊ ထီးတော်သစ်တင်ရန် လုပ်ငန်းစတင်ပုံ၊ ထီးတော်ဟောင်းတွင် ခေတ်အဆက်ဆက်က လှူဒါန်းပူဇော်ထားသော ရတနာပစ္စည်းများအကြောင်း(စာရင်းနှင့်တကွ)၊ စိန်ဖူးတော်အကြောင်း အသေးစိတ်၊ ရာထူးမှ ထုတ်ပယ်ခြင်းခံရသည့် ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်ဦးစီးသည့် ကော်မတီ၏ စေတီနှင့် ပတ်သက်သည့် လုပ်ဆောင်ချက် လုပ်ငန်းစဉ် အသေးစိတ်အကြောင်း၊ ထီးတော်အပြင် ပြုပြင်မွမ်းမံရန်လိုအပ်သော ရွှေသင်္ကန်း၊ ကြာကလပ်တော်အစရှိသည့် စေတီတော်၏ အစိတ်အပိုင်းများကို ပြုပြင်ခဲ့ပုံများ၊ နောက်ဆုံး ထီးတော်အပါအဝင် စေတီတော် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပုံများကို အသေးစိတ် ရေးသားဖော်ပြထားသည်။ အများပြည်သူ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် မှတ်တမ်းတင် ရောင်စုံဓာတ်ပုံပေါင်း မြောက်မြားစွာဖြင့် ထည့်သွင်းရိုက်နှိပ်ထားသည်ကိုတွေ့ရသည်။ တစ်အုပ်လုံးကို စက္ကူချောများဖြင့် ရိုက်နှိပ်ထားပြီး မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ရွှေတိဂုံစေတီတော်အကြောင်းကို ခန့်ခန့်ငြားငြား ဖတ်ရှုလေ့လာနိုင်ကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|