|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- စစ်ကိုင်းမှသည် မုံရွာ - မန္တလေး ကျောက်ဆည်ဆီသို့
-
-
Author(s):
မြင့်သူရ
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 95
- Binding: Paperback
- Publication Month Year: Dec-2008
- Size: 13 cm x 21 cm
|
- Description: စာရေးသူ၏ စစ်ကိုင်းမြို့ ဓမ္မရာဇာသကျမုနိစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဘုရားဖူးသွားရောက်ခဲ့ရာမှ အစပြု၍ စစ်ကိုင်း မုံရွာ မန္တလေးမြို့ကြီးများသို့ပါ ခြေဆန့်ခဲ့သည့် ခရီးစဉ်အကြောင်း ရေးသားထားသည့် ခရီးသွားစာပေဆောင်းပါးလည်းဖြစ်သည်။ စာရေးသူက စာနယ်ဇင်းသမားတို့၏ ထုံးစံအတိုင်း ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုသလို ဒေသန္တရမြင်ကွင်းများ၊ သမိုင်းဝင်နေရာ အဆောက်အအုံများနှင့် ရောက်လေရာ ရှေးဟောင်းစေတီပုထိုးများ၏ သမိုင်းအကျဉ်းများကိုပါ စာဖတ်သူတို့ ပြည့်ပြည့်စုံစုံ သိရှိအောင် တင်ပြထားသည်။ ဤခရီးသွားဆောင်းပါးကို ဖတ်ခြင်းဖြင့် စစ်ကိုင်း မုံရွာ မန္တလေး ကျောက်ဆည်တစ်ခွင်ရှိ ဘုရားစေတီများကို ကိုယ်တိုင် လှည့်လည်ဖူးမြော်ရသလို ခံစားရရုံသာမက၊ သမိုင်းဝင်ရှေးဟောင်းနေရာများနှင့် လက်ရာများအကြောင်းကိုလည်း ပြည့်စုံစွာ သိရှိနိုင်မည်ဖြစ်သည်။ သကျမုနိစေတီတော်နှင့် သကျဓီတာစာသင်တိုက်၊ အတိုးတက်ဆုံး စာသင်တိုက်တစ်ခု၊ မင်းကွန်းမြေသည် သာသနာ့အောင်မြေ၊ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ၊ မြတ်စွာဘုရားရုပ်ပွားတော် သုံးသိန်းခုနစ်သောင်း၊ အောင်မြေဓာတ်ကူး ရွှေတောင်ဦး၊ လယ်တီဆရာတော် ပြတိုက်နှင့် ကျောက်စာတိုက်၊ မြန်မာတို့ မညံ့ကြပါ၊ အတိတ်အကြောင်း ပြန်သတိရစေတဲ့ မက္ခရာမြို့ဟောင်း၊ ပုလိပ်မြွေဘုရားသို့ အစရှိသည့် ဆောင်းပါးများ ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|