|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မိခင်လောင်းတို့အရေး မေးချင်ရာမေး
-
-
Author(s):
ဒေါက်တာစိုးလွင်
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 171
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 13 cm x 20 cm
|
- Description: မြန်မာပြည်အရပ်ရပ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် Family မဂ္ဂဇင်းတွင် “မိခင်လောင်းတို့အရေး မေးချင်ရာမေး” ဟူသော ကဏ္ဍတစ်ခုကိုဖွင့်လှစ်ခဲ့ရာ ထိုကဏ္ဍပါအမေးအဖြေများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးတို့၏ ရှက်တတ် ရွံ့တတ်မှုကြောင့် ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးမေးမြန်းရန် ဝန်လေးနေတတ်သော၊ မေးချင်ရာမေးခွန်းများရှိပါလျက်နှင့် မမေးရဲကြသော မိခင်လောင်းများ ထိုကဏ္ဍကြောင့် အကျိုးကျေးဇူးများစွာရရှိခဲ့ကြသည်။ ရှက်တတ် ရွံ့တတ်သော၊ မပွင့်လင်းသော၊ အားနာတတ်သော ပျိုပျိုအိုအို အားလုံးအတွက် ရှင်းလင်းပီပြင်သော ဆွေးနွေးမှုများဖြင့် တင်ဆက်ထားသည်။ ဤစာအုပ်တွင် ကိုယ်ဝန်ဆောင်နှင့်အဖြူ၊ မိခင်လောင်းများ ကြောင်ချေးသတိထား၊ ရာသီလာတဲ့ရက်ကို ရွှေ့လို့ရသလား၊ မြီးကောင်ပေါက်အရွယ် ကိုယ်ဝန်ဆောင်၊ ကိုယ်ဝန်ရက်ကျော်တဲ့ အပြိုကြီးမဂွက်ထော်သို့၊ သွေးပေါ်ဆေးထိုးလိုက်မယ် ပေါ်ရော့လေဟယ်၊ ဟိုမြို့က ယင်ဖိုတောင်မသန်းဖူးတဲ့ အပျိုကြီးမအဝှာသို့၊ မဆိုးနဲ့နော် မကဲနဲ့နော် နော်ကိုကိုနော် စသော ဆေးပညာဗဟုသုတအစုံအလင်ပါရှိသော ဆောင်းပါး(၂ဝ)ပုဒ်ပါဝင်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|