|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ (အတွဲ ၁)
-
-
Author(s):
ဒဂုန်တာရာ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 302
- Binding: Paperback
- Publication Month Year: May-2019
- Size: 14 cm x 21 cm
|
- Description: ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည့် ဝါရင့်စာရေးဆရာ၊ ကဗျာဆရာဖြစ်သော ဆရာကြီး ဒဂုန်တာရာက လူတွေ့ကြုံသိမှီလိုက်သော ပုဂ္ဂိုလ်များအကြောင်း တစေ့တစောင်းကို ရေးသားထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အရိုင်းဝိသေသ၊ ပဒုမ္မာကြာပွင့် အပြုံးပိုင်ရှင် သခင်ဗဟိန်း၊ လှို့ဝှက်အပြုံး ဦးဗဆွေ၊ စိတ်ကူးယဉ်တော်လှန်ရေးသမား ဗန်းမော်တင်အောင်၊ ဥယျာဉ်မှူးတစ်ဦး၏ ရုပ်ပုံလွှာ ရှုမဝဦးကျော်၊ တင့်တယ်(သို့) နှုတ်ခမ်းနီကလေးတို့၏ အသည်းစွဲ၊ ကြယ်တပွင့် မွေးဖွားခြင်း ဟေမာနေဝင်းအပါအဝင် နိုင်ငံရေး ဂီတ စာပေအနုပညာ နယ်ပယ်စုံမှ ပုဂ္ဂိုလ်ကျော်များအကြောင်းကို သိခွင့် ကြရမည်ဖြစ်သည်။ အထက်ပါ ပုဂ္ဂိုလ်များအပြင် ဂရိတ်ဦးဖိုးစိန်၊ ပန်းချီဦးအုန်းလွင်၊ ဦးဘကြည်၊ ဗဂျီအောင်စိုး၊ စောင်းဦးဘသန်း၊ ဦးအလီ၊ စန္ဒရားချစ်ဆွေ၊ ဆရာကြီးရွှေဥဒေါင်း၊ ဒေါ်စောမြအေးကြည်၊ ချိုပြုံး၊ ၊ အေဝမ်းဦးတင်မောင်၊ စတန့်မင်းသားကြီး ချစ်ဆွေကြီး၊ ချစ်ဒုက္ခဦးညွန့်၊ ကောလိပ်ဂျင်နေဝင်း၊ ဦးခင်ဇော်၊ ဦးဖေမောင်တင်၊ အိုးဝေ ဦးညိုမြ၊ သံအမတ်ဦးမြစိန်၊ သံအမတ်ဦးအုန်း၊ မြတ်ထန်၊ လင်းယုန်နီ၊ ဗဂျီအောင်စိုးတို့၏ အကြောင်းကို ဆောင်းပါး တစ်ပုဒ်စီဖြင့် လည်းကောင်း၊ မြန်မာတို့၏ အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အရိုင်းဝိသေသ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ နိုင်ငံရေးသမား အောင်ဆန်း၊ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့များဟူသော ဆောင်းပါး ၄ ပုဒ်ဖြင့်ခွဲ၍ လည်းကောင်း ရေးသားထားသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စရိုက်ကို ပြင်ပတွင် အမှန်မြင်တွေ့ခဲ့ရသော ဆရာဒဂုန်တာရာက သူတွေ့မြင်ခဲ့သည်များကို အကောင်းအဆိုးပါမကျန် ဖွင့်ချရေးသားထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|