|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အမျိုးသားစာပေဆုရှင်၊ စာပေဗိမာန်ဆုနှင့် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆုရှင် စာရေးဆရာကြီး ဦးရန်အောင်၏ စာပေခရီးမှတ်တမ်းဖြစ်သည်။ နိုင်ငံကျော် စာဆိုသက်ကြီးတစ်ဦးဖြစ်သည့် ဆရာကြီးဦးရန်အောင်၏ ဘဝအထွေထွေ၊ စာပေလောကအတွေ့အကြုံ၊ ဆရာ၏ မိတ်ဆွေအပေါင်းအသင်းများအပေါ် ကူညီတတ်သည့် သဘာဝများ၊ မြန်မာစာပေအတွက် လှုပ်ရှားရုန်းကန်ခဲ့သော စာပေဟောပြောပွဲခရီး အတွေ့အကြုံများကို ဆရာကြီး၏ သားသမက်ဖြစ်သူ စာရေးဆရာ လှတိုး(စိတ်ပညာ)က ဆရာကြီး ကိုယ်တိုင်ပြောပြခဲ့သော အကြောင်းအရာများ၊ ဆရာကြီးထားရစ်ခဲ့သော နေ့စဉ်ရေး ဒိုင်ယာရီစာအုပ်များကို မှီးကာ စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားခြင်းဖြစ်သည်။ စာပေရေးရာ မငြင်းပါ၊ ကြံခင်းမြို့ ဟောပြောပွဲ၊ စာရေးဆရာအမျိုးမျိုး၊ စာ စရေးခြင်း၊ ကြောက်တတ်သော ရန်အောင်၊ မအောင့်နိုင်သော အန္တရာယ်၊ သုဿန်မှ သံဝေဂ၊ မြေကြီးမှ မြသီးစေသူ၊ ကဗျာကလေးများ၊ အသက် ခုနှစ်ဆယ် ပြည့်ချိန်ဝယ်၊ တောရွာ အတွေ့အကြုံများအပါအဝင် ဆောင်းပါး ၄၅ ပုဒ်ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|