|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဖက်ဆစ်တော်လှန်ရေး ပြည်သူ့ရဲခေါင်ပြောက်ကျား
-
-
Author(s):
ရဲဘော်မြ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 347
- Binding: Paperback
- Publication Month Year: May-2009
- Size: 13 cm x 19 cm
|
- Description: ဒုတိယကမ္ဘာစစ်ကာလအတွင်း တောင်ငူခရိုင်မှ ဖက်ဆစ်ဂျပန်တို့ကို မဟာမိတ်တပ်များက ပြန်လည်ထိုးစစ်ဆင်ရာတွင် ဒေသခံ မြန်မာပြောက်ကျားတပ်များက ကူညီတိုက်ခိုက်သည့်အတွက် မဟာမိတ်တပ်များ ရန်ကုန် အရောက်မြန်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ချီးကျူးဝန်ခံခဲ့သည်။ စာရေးသူသည် တောင်ငူခရိုင်၌ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ကို စည်းရုံးဖွဲ့စည်းခဲ့ခြင်းဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ ထမ်းဆောင်ခဲ့ပြီး ဂျပန်ကင်ပေတိုင် စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသည်။ သူ၏ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဆောင်ရွက်ချက်များအတွက် ဗြိတိသျှအစိုးရက “ဗြိတိသျှ အင်ပါယာဘွဲ့”ကို ပေးအပ်ရာ ငြင်းပယ်ခဲ့သည်။ ဤစာအုပ်တွင် တောင်ငူခရိုင် စစ်ကြိုကာလအတွင်းမှ အတွေ့အကြုံများ၊ ဖက်ဆစ်ဂျပန်တို့ ဝင်ရောက်လာပုံ၊ ဂျပန်ကင်ပေတိုင်တို့အကြောင်းနှင့် သူတို့၏ ငရဲခန်းဟုတင်စားရသည့် ညှင်းပန်းနှိပ်စက်ပုံ အဖုံဖုံ၊ ဂျပန်ကို တော်လှန်ရန် ပြင်ဆင်ကြပုံ၊ ဂျပန်နှင့် ပွဲဦးထွက် တိုက်ပွဲများအကြောင်း၊ စစ်တောင်း မြစ်ဝှမ်းတိုက်ပွဲများ၊ တိုက်ပွဲတွင် အောင်ပွဲအလီလီခံခဲ့ရပုံများအပါအဝင် ဂျပန်တို့နှင့် တိုက်ခဲ့ရသည့် တိုက်ပွဲများအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|