|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာ့စစ်မှတ်တမ်းနှင့် သေနင်္ဂဗျူဟာများ
-
-
Author(s):
ကထိက ဦးစိန်လွင်လေး
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 502
- Binding: Paperback
- Publication Month Year: 2009
- Size: 16 cm x 24 cm
|
- Description: တရုတ်လူမျိုးစုတစ်စုဖြစ်သည့် ချိအန်(သို့)မင်လူမျိုးတို့သည် ရန်ဘက်ဖြစ်သည့် နန်ကျောင်လူမျိုးစုတို့၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် မြန်မာမြေပေါ်သို့ ရောက်ရှိလာရာမှ မြန်မာလူမျိုးပေါ်ပေါက်လာပုံ၊ ဒေသခံ ပျူနှင့် မွန်လူမျိုးတို့သည် နန်ကျောင်လူမျိုးစုတို့ ရန်ပြုမှုကြောင့် ဖရိုဖရဲဖြစ်ခဲ့ရာမှ မြန်မာများနှင့် ပေါင်းစည်းမိခဲ့ကြပုံများ၊ သမိုင်းတလျှောက် ဖြစ်ပွားခဲ့သော မြန်မာ-တရုတ် စစ်ပွဲများ၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဆင်ဖြူရှင်လက်ထက်တော်များတွင် ဖြစ်ပွားခဲ့သော မြန်မာ-ယိုးဒယား တိုက်ပွဲများအကြောင်း၊ မြန်မာ-အင်္ဂလိပ် စစ်ပွဲများနှင့် နန်းတွင်းအာဏာလုပွဲများအကြောင်း၊ ခေတ်အဆက်ဆက် ထင်ရှားခဲ့သော စစ်ဘုရင် သူရဲကောင်းများနှင့် စစ်သည်တော် သူရဲကောင်းများ၊ စစ်ချီ စစ်ကပ် စစ်ထိုး စစ်ခံ စစ်ဖျက် စစ်ပြန် စစ်ဆင် စစ်ဆင်စစ်ထိုးအစရှိသည့် မြန်မာ့ စစ်သေနင်္ဂ ဗျူဟာများ၊ ရှေးခေတ် မြန်မာ့စစ်တပ် ဖွဲ့စည်းပုံနှင့် စစ်လက်နက်များအကြောင်း၊ ငါးစီးရှင်ကျော်စွာ၊ နဝဒေး၊ နတ်သျှင်နောင်၊ ဦးစ၊ အပါအဝင် စစ်စာဆိုတော်များ၏ ထင်ရှားသော စစ်ရေးဆိုင်ရာ ကဗျာလင်္ကာစာစုများနှင့် သူတို့အကြောင်းများကို တစ်အုပ်တည်းတွင် လေ့လာနိုင်မည့် စာအုပ်ဖြစ်သည်။ စာအုပ်ကို အခန်း (၁) မြန်မာ့စစ်မှတ်တမ်းများ၊ အခန်း (၂) ပြည်ထောင်စု စစ်သည်တော် အကျော်အမော်များ၊ အခန်း (၃) မြန်မာ့စစ်သေနင်္ဂ ဗျူဟာများ၊ အခန်း (၄) စစ်ရေးဆိုင်ရာ မှတ်တမ်းမှတ်စုများ၊ အခန်း (၅) စစ်ရေးဆိုင်ရာ ကဗျာလင်္ကာစာစုများဟူ၍ အခန်းကြီးများခွဲကာ စနစ်တကျ ပြုစုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|