|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓဘာသာယဉ်ကျေးမှု အမြုတေ
-
-
Author(s):
ဘန္ဒန္တဒီပဓဇ (သေဋ္ဌကဝိ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 366
- Binding: Paperback
- Publication Month Year: Dec-2008
- Size: 15 cm x 22 cm
|
- Description: ဘာသာမဲ့အောက်ခြေလွတ်နေကြသော လူငယ်လူရွယ်တို့အား ဘာသာရေးအသိဉာဏ်၊ ဘာသာရေးယဉ်ကျေးမှုများ သိရှိနိုင်ရန် ရည်ရွယ်ရေး ရေးသားရခြင်းဖြစ်သည်ဟုဆိုသည်။ စာအုပ်ကို အခန်း ၅ ခန်းခွဲခြားထားသည်။ အုတ်ဘုရား၊ ကျောက်ဘုရား၊ ကြေးဘုရားဟု ဘာသာထိပါး သူတစ်ပါးလှည့်စားတိုင်း အထင်အမြင်မမှားနိုင်ရန်အတွက် မြတ်စွာဗုဒ္ဓ၏ အတ္ထုပ္ပတ္တိဖြစ်စဉ်ကို ပထမခန်းတွင် အကျယ်တဝင့် ရေးသားရှင်းလင်းထားသည်။ ဒုတိယအခန်းဖြစ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအခန်းတွင် ကပ္ပိယဒကာ လျှောက်ထားနည်း၊ ပစ္စည်းလေးပါး ဖိတ်ကြားနည်း အပါအဝင် ယဉ်ကျေးမှု ၁၇ မျိုးနှင့် ရှေးရှေးဆရာကြီးများ၏ အဆုံးအမများကို ထည့်သွင်းရေးသားထားသည်။ တတိယအခန်းဖြစ်သည့် ဘာသာရေးပွဲလမ်း အခမ်းအနား အစီအစဉ်များအခန်းတွင် နိဗ္ဗာန်ဆော်၊ ဘုရားကန်တော့စာ၊ သီလတောင်း၊ ဆွမ်းတော်ကပ်ပုံများနှင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါးစသော ကံကြမ္မာတို့၏ သင်္ချာသရုပ် အဓိပ္ပာယ်များကို ဖတ်ရှုကြရမည် ဖြစ်သည်။ စတုတ္ထခန်းဖြစ်သည့် ဥပါသကာဖြစ်ခွင့်နှင့် အိမ်တွင်း ဘာသာရေး နေ့စဉ်ဝတ္တရားများအခန်းတွင် ဥပသကာ အင်္ဂါ ၄ ပါး၊ ဘုရား တရား သံဃာဂုဏ်တော်များ၏ အနက်၊ မေတ္တာပို့၊ ဆုပေး၊ သီလဆောက်တည်ခြင်းအကြောင်းအရာများကို ဖတ်ရှုကြရမည်ဖြစ်သည်း။ နောက်ဆုံး ပဉ္စမအခန်းဖြစ်သည့် ဓမ္မစကြာ မြန်မာပြန်အခန်းတွင် ဣန္ဒြေ ၅ ပါးကို ဓမ္မစကြာဟုခေါ်ပုံ၊ ဣန္ဒြေ ၅ ပါးနှင့် ဗောဓိပက္ခရာ ၃၇ ပါး၊ သစ္စာအနက် ၁၆ ချက်၏ အဓိပ္ပာယ်တို့ဖြင့် တန်ဆာဆင်ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|