|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကျေးဇူးပဲ AIDS နှင့် ရင်ဖွင့်လွှာများ
-
-
Author(s):
သုမောင်
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 167
- Binding: Paperback
- Publication Month Year: Jul-2009
- Size: 13 cm x 21 cm
|
- Description: Japan International Cooperation Agencyမှ ရိုက်နှိပ်ခဲ့သော Lesson of Lifeကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ AIDSဝေဒနာရှင် ထိုင်းလူမျိုးများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြစ်ကြသည်။ ရောဂါကူးစက်ခြင်း ခံခဲ့ရပုံ၊ ရောဂါရှိသည်ဟု သိသိချင်း သူတို့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ ရောဂါကြောင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်ချက်၊ ရောဂါကြောင့် မိသားစုဘဝ ပြောင်းလဲသွားပုံ၊ ဝေဒနာရှင်များ၏ ဘဝနေဝင်ချိန်၊ ရောဂါရှင်များ၏ စိတ်ဓာတ်နှင့် အားမာန်များကို မူရင်းအင်္ဂလိပ်ဘာသာနှင့်တွဲကာ ဘာသာပြန်သူ၏ မြန်မာဘာသာပြန်ဆိုချက်နှင့်အတူ ဖတ်ရှုစာနာကြရမည်ဖြစ်သည်။ မူရင်းစာရေးသူသည် ဝေဒနာရှင် ၈ဝဝ ကျော်မှ အတွေ့အကြုံများကို စိစစ်ရွေးချယ်ကာ ၎င်းတို့ကဲ့သို့ ကျန်သူများ ရောဂါမကူးစက်စေနိုင်ရေးနှင့် ရောဂါ၏ ဆိုးကျိုးများကို သတိပြုနိုင်ရန် ရည်ရွယ်ရေးသားရခြင်းဖြစ်သည်ဟု ဆိုသည်။ အပျိုစင်ဆိုသော်လည်း၊ မြောက်ကျွန်းသူ၊ ဘသားယောက်ျား၊ အပျော်ဆိုတာ ရှောင်၊ ထိုမိန်းမ၊ ဘတ် ၅ဝဝ၊ AIDSက ပြန်၍ ကြောက်ရသည့် ဆေး၊ ကလေးပြောသော AIDSအပါအဝင် ဆောင်းပါး ၂၉ ပုဒ်ပါရှိသည်။ ဤစာအုပ် ရိုက်နှိပ်ထုတ်ဝေရာမှ ရရှိလာသော စာမူခအပါအဝင် အမြတ်များကို ပေါင်းတည်ဘိုးဘွားရိပ်သာ ရန်ပုံငွေနှင့် မြန်မာနိုင်ငံမှ AIDSရောဂါသည်များအတွက် ရန်ပုံငွေများသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|