|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့ လက်ထက်မှ စတင်ကာ မြေးဖြစ်သူ ဦးသိန်းစိုးအထိ ကလောင်ကိုင်သော ဂျာနယ်ကျော်မျိုးဆက်တို့၏ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုလက်ရာများကို လက်ရွေးစင်ရွေးချယ်ကာ စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့ကို အထူးမိတ်ဆက်စရာမလိုသော်လည်း သားဖြစ်သူ မောင်သိန်းတန်သည် “သည်အရွယ်”စာအုပ်တစ်အုပ်တည်းဖြင့်ပင် လူငယ်စာပေကို အစပြုခဲ့သူတစ်ဦးဖြစ်သည်။ ဒေါ်ခင်လေးမြင့်မှာမူ ပြင်သစ်အနုစာပေကို ပီပြင်စွာ လိုက်စားခဲ့သူဖြစ်သည်။ ဦးမိုးဟိန်းမှာ ကဗျာနှင့် ဓမ္မစာစုများကို ရေးသား၍ စာပေလောကအတွင်း ဝင်ရောက်ခဲ့သူဖြစ်သည်။ ဦးသိန်းတန်၏ သားဖြစ်သူ ဦးသိမ်းစိုးမှာ ဆောင်းပါးဝတ္ထုများကို စတင်ရေးသားလျက်ရှိပြီး သီဟရတနာစာပေကို ဦးစီးနေသူတစ်ဦးဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|