|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးသူ၏ တတိယမြောက် ကဗျာလုံးချင်းစာအုပ်ဖြစ်သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင်က အမှာစာရေး ပေးထားရာ၌ “ ... “နှလုံးသားနံရံပေါ်က ပန်းချီကား” ကဗျာကို စ,ဖတ်စဉ်က လိုင်းရစ်ကဗျာဟု ကျွန်တော်ထင်သည်။ ဖတ်ရင်းက အက်ပစ်ဖြစ်သော်လည်း လိုင်းရစ်ကဗျာမျိုးမှ အလှတွေ၊ ရသတွေကိုလည်း ခံစားရသည်။ Lyrical epic သည်လိုများ ခေါ်နိုင်မလား။ သည်လိုခေါ်ချင်မှု ပေါ်လာသည်ကပင် မောင်စိန်ဝင်း ဟန်၏ အောင်မြင်မှု ... ”ဟုလည်းကောင်း၊ “ ... မောင်စိန်ဝင်းက ထူးငေါမှုမလုပ်။ ထူးငေါမှု မလုပ်တော့ ... သူ့ကဗျာလေးတွေက ချောမွတ်နေသည်။ သူက ဂန္ထဝင်ဟန်ဟု အမည်တပ်ပေးနေကြသော အစဉ်အလာ အနွယ်အမြစ်ကိုလည်း မစွန့်၊ အခြေအမြစ် ခိုင်ခိုင်ပေါ် ထပ်ဆင့်မွမ်းမံသော ဆန်းသစ်တီထွင်မှုကိုလည်း ပြုသည်။ သည်တော့ သူ့ကဗျာဟန်တွင် အတိတ်-ပစ္စုပ္ပန်- အနာဂတ် အဖုအထစ်မရှိဘဲ ချောမွတ်ပြေပြစ်နေသည်။” ဟုလည်းကောင်း ချီးမွမ်းထားသည်။ အင်္ဂလိပ်ဘာသာဖြင့်ပါ ဖတ်ရှုခံစားနိုင်စေရန် သံလျင်မောင်ဝင်းဝါက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|