|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ငယ်စဉ်က ဖဲရိုက်၊ ကြက်တိုက်၊ အရက်သောက်၊ ဘိန်းရှု အစရှိသည့် လောင်းကစားအလုပ်များနှင့် ဓားပြတိုက်ခြင်း အစရှိသည့် မကောင်းမှုများကို ကျူးလွန်ခဲ့ပြီး ထောင်ထဲရောက်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် အသိဉာဏ်ပွင့်လင်းကာ မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ဆေးပေါင်းရုံ လုပ်ငန်းရှင်ဘဝသို့ တက်လှမ်းခဲ့သည့် ပခုက္ကူဦးအုံးဖေ၏ ဘဝတစ်စိတ် တစ်ဒေသဖြစ်သည်။ ပခုက္ကူဦးအုံးဖေသည် အိမ်ထောင် ၄ ကြိမ်ပြုခဲ့ရာ ၄ ကြိမ်လုံး အိမ်ထောင်မတည်မြဲခဲ့ချေ။ သူ၏ အသက် ၇ဝ ကျော်တွင် ဖြစ်ခဲ့သည့် နောက်ဆုံးအိမ်ထောင်နှင့် ကွာရှင်းအမှုသည် တရားရုံးတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း စိတ်ဒုက္ခမျိုးစုံကို တွေ့ကြုံခဲ့ရသည်။ ယခုစာအုပ်တွင် ၁၉၈ဝ ကျော်မှ ၁၉၉ဝ ခုနှစ်ထိ ပခုက္ကူဦးအုံးဖေဘဝကို အမှား အမှန် အဆိုး အကောင်း မချန်ဘဲ ဖွင့်ချဖော်ထုတ်ရေးသားထားပြီး သူ၏ အိမ်ထောင်ရေး သုခ ဒုက္ခများ၊ နောက်ဆုံးအိမ်ထောင်နှင့် ကွာရှင်းသည့် အမှုအကြောင်း၊ ရပ်ရွာလူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ပုံများ အပါအဝင် အနိမ့်အမြင့် အတက်အဆင်း များလှသော သူ့ဘဝအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် ပခုက္ကူဦးအုံးဖေစာပေဆုများ ချီးမြှင့်ရန် မတည်ငွေ သိန်း ၇ဝ ကျော်ကို နိုင်ငံတော်သို့ လှူဒါန်းခဲ့သူ ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|