|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မှတ်ဉာဏ် ထက်သန်စေလိုသော်
-
-
Author(s):
ဦးသာညွန့်
- Type: Myanmar Books
-
Category:
ပညာရေး
- No of Pages: 249
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 12 cm x 18 cm
|
- Description: မှတ်ဉာဏ်အထောက်အကူပြု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကိုလေ့လာ၍ ထိုစာအုပ်စာတမ်းများမှ မြန်မာတို့၏ အတွေးအခေါ်နှင့် ကိုက်ညီသော အချက်အလက်များကို ထုတ်နုတ်ပေါင်းစပ်ကာ မြန်မာ့နည်း မြန်မာ့ဟန်မပျက် ကြံစည်တီထွင်ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ ရေးသားရာတွင် စိတ္တဗေဒ ဝေါဟာရများ၊ သိပ္ပံဝေါဟာရများကို တတ်နိုင်သမျှ ရှောင်ကွင်း၍ လူတိုင်းနားလည်လွယ်သော အရပ်သုံးစကားများ၊ ဥပမာ ဥပမေယျများဖြင့် တန်ဆာဆင်ရေးသားထားသည်ကို တွေ့ရသည်။ စာအုပ်ပါနည်းများသည် မှတ်ဉာဏ်ပါရဂူများ၊ ပညာရှင်များ ကျင့်သုံးလေ့ရှိသော နည်းနိဿယများ ဖြစ်သည်ဟုဆိုသည်။ တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၏ စာပေလေ့လာပုံနည်းထူး၊ နိုင်ငံရေးခေါင်းဆောင်ဟောင်း ဘကြီးဘဖေ၏ စာဖတ်နည်းထူး၊ အဘိဓာန်ကျမ်းဆရာ ဥပဒေပညာရှင် ဒေါက်တာဘဟန်၏ မှတ်ဉာဏ်နည်းထူးများကိုလည်း ဖော်ပြပေးထားသည်။ ပါဝင်သော အခန်းများမှာ မှတ်ဉာဏ်အကြောင်း သိကောင်းစရာ၊ ဆက်သွယ်ပေါင်းစပ်၍ မှတ်သားနည်း၊ ကြည့်ရှုလေ့လာ မှတ်သားနည်း၊ ဂဏန်းများကို မှတ်သားနည်း၊ လူပုံသဏ္ဌာန်နှင့် အမည်များကို မှတ်သားနည်း၊ စာပေလေ့လာနည်း၊ နေ့ရက်များကို မှတ်သားနည်း၊ နှစ် ၁ဝဝ ပြက္ခဒိန်၊ မမေ့အောင် ကြံဆောင်နည်း၊ မြန်မာပညာရှင်ကြီးများနှင့် မှတ်ဉာဏ်တို့ ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|