|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- စီးပွားရေးလုပ်ငန်းသုံး ၃၆ ပါး စစ်ဗျူဟာကျမ်း
-
-
Author(s):
လူထုစိန်ဝင်း
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 202
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 13 cm x 21 cm
|
- Description: တရုတ်စာပေ လေ့လာလိုက်စားသူတိုင်း ကြားဖူးကြသည့် “သေနင်္ဂဗျူဟာ ၃၆ ပါး” စစ်ဗျူဟာကျမ်းတစ်ခုဖြစ်သော်လည်း စစ်ပညာလေ့လာလိုက်စားသူများသာမက နိုင်ငံရေးဗေဒနှင့် ဒဿနိကဗေဒ လေ့လာလိုက်စားသူများပါ လေ့လာကြရသည့် ကျမ်းကြီးတစ်ဆူဖြစ်သည်။ တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင်ငံများ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စီးပွားရေး တစ်ရှိန်ထိုး တိုးတက်လာရခြင်း အကြောင်းရင်းမှာ ထိုကျမ်းပါ ဗျူဟာများကို စီးပွားရေးနယ်ပယ်တွင် လက်တွေ့အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ၁၉၉၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (NUS)မှ ဆရာနှင့် ဆရာမတစ်ဦးတို့က ထိုကျမ်းပါ ၃၆ ချက်ကို စီးပွားရေးလုပ်ရာတွင် ဘယ်လိုအသုံးချနိုင်သည်ဆိုသည့်အကြောင်းများကို စာအုပ်အဖြစ် ရေးသားတင်ပြခဲ့ကြသည်။ စာအုပ်အမည်မှာ “ Strategies of the Chinese” ဖြစ်ပြီး ခေါင်းစဉ်ငယ်အနေဖြင့် “Adapting Ancient Chinese Wisdom To The Business World”ဖြစ်သည်။ အဆိုပါစာအုပ်တွင် သေနင်္ဂဗျူဟာ တစ်ပါးစီ၏ အဓိပ္ပာယ်ရှင်းလင်းပြဆိုချက်များနှင့် နောက်ခံသမိုင်းကြောင်းကို ဦးစွာရှင်းလင်းထားပြီး စီးပွားရေးလောကမှာ လက်တွေ့အသုံးချနိုင်ပုံများကို အသေးစိတ် သုတေသနပြု တင်ပြထားသည်။ သေနင်္ဂဗျူဟာတစ်ပါးကို တစ်ခန်းနှုန်းဖြင့် စုစုပေါင်း ၃၆ ခန်းပါရှိသည်။ ထိုသို့ စိတ်ဝင်စားဖွယ်ကောင်းလှသည့် စာအုပ်ပါ အကြောင်းအရာများကို ဆရာလူထုစိန်ဝင်းက ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|