|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သံနှင့် သွေး
-
-
Author(s):
နန္ဒ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 545
- Binding: Paperback
- Publication Month Year: Jul-2023
- Size: 14 cm x 21 cm
|
- Description: စာရေးဆရာ နန္ဒ၏ လက်ရာကျော် သမိုင်းဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ အင်းဝ တံတားဦးနယ်သား ဓားရေးကောင်းသော ငညို၊ လူပုံပျော့ပျော့နှင့် နန်းတွင်းရေးကိုမှ စိတ်ဝင်စားသော ငစို၊ နှုတ်ခမ်းမွှေးစစနှင့် ကောက်ကျစ်စဉ်းလဲသော ရွှေဘိုငနောင်၊ ငညို၏ အနွံအတာခံသော သူငယ်ချင်းကောင်း ငတွန်၊ ငညို၏ ချစ်သူ ဒွေးမယ်၊ ငစိုကို ချစ်ပါလျက် ငနောင်နှင့် လက်ထပ်ရပြီး ကြေကွဲဖွယ် ဘဝအဆုံးသတ်ရသော ခင်မှုံ၊ မျက်နှာမှာ ဓားခုတ်ရာကြီးပါသော လူကြမ်းကြီး ဦးမင်းဒန်စသည့် ဇာတ်ဆောင်များဖြင့် ဝတ္ထုကို ရုပ်လုံးဖော်ထားသည်။ မြန်မာစာ ပါမောက္ခဟောင်း ဆရာမောင်ခင်မင် (ဓနုဖြူ)က “ .. အရေးအသားကလည်း အလွန် ဆွဲဆောင်အားကောင်းသည်။ “ဟုတ်သယ်” တို့ “မွေ့မေလေး”တို့လို စကားသံကို ကြားယောင်လာအောင် ရေးဖွဲ့နိုင်သည်။ အညာလေ အပြည့်ပါသော ပြောစကားများ အသက်ဝင်သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း နန်းတွင်းရေးရာများနှင့်လည်း စိတ်ဝင်စားဖွယ် ဖွဲ့ယှက်ထားသည်။ မြန်မာယောက်ျားကောင်းတို့ သံနှင့်ပြုလုပ်ထားသော ဓားကို ကိုင်လိုက်သည်နှင့် သွေးကျိုက်ကျိုက်ဆူသည့် သဘောကို အလေးအနက် ဖော်ညွှန်းထားသည်”ဟု ဤဝတ္ထုအပေါ် အမွှမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|