|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရွှေဘုံနိဒါန်း
-
-
Author(s):
ဇေယသင်္ခယာ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 332
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 13 cm x 21 cm
|
- Description: မြန်မာမင်းခမ်းတော် အဆောင်အယောင်တို့ကို ဖော်ပြရာ မှတ်တမ်းတစ်ဆူဖြစ်သည်။ ဤစာအုပ်ကို ရေးသားသူ ဇေယျသင်္ခယာသည် ဘိုးတော်ဘုရားလက်ထက် အိမ်ရှေ့အတွင်းဝန်ဖြစ်ပြီး ယခုအကြိမ်ရိုက်နှိပ်ရာတွင် ဆရာလှသမိန်မှ တည်းဖြတ်ပေးထားသည်။ စာအုပ်တွင် ဗဒုံမင်းတရားကြီး၏ အမရပူရ ရွှေမြို့တော်နှင့် နန်းမြို့တော်တို့ကို အခြေတည်၍ မြေနန်းပြသာဒ်နှင့် ရာဇပလ္လင် ဥကင်တို့မှ စတင်ကာ မင်းခမ်းမင်းနားဆိုင်ရာများကို ရှင်းလင်းဖော်ပြ ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ ရေးသားရာတွင် နန်းသုံးဝေါဟာရများကိုလည်း အခန်းကဏ္ဍအလိုက် အကြောင်းရင်းခံတို့ကိုပါ ဖော်ပြဖွင့်ဆိုထားသည်။ ပြသာဒ်၊ သိကြားပေါက်၊ ကတံ၊ ခြင်္သေ့ရုပ်၊ ဒေါင်းမြီးယပ်အပါအဝင် နန်းပြဿာဒ်ပလ္လင် အဆောင်အယောင် ၁၉ မျိုးအကြောင်း၊ မင်းမြောက်တံဆာ ငါးပါး၊ ကလပ်၊ ရတနာပန်းတောင်း၊ ကျပ်၊ ရွှေကရား၊ ထီးအပါအဝင် မင်းခမ်းတော် ၄၉ မျိုးအကြောင်း၊ ဗောင်းတော်ဆောင်၊ လေသာဆောင်၊ ထွက်တော်မူကြီးအပါအဝင် နေရာတော် ၃ဝ နေရာအကြောင်း၊ စည်တော်စုံ၊ ငွေမောင်း၊ စည်ကြီးအပါအဝင် စည်တူရိယာ ၁၃ မျိုးအကြောင်း၊ ဝင်းမှူး၊ ဝင်းကိုယ်ရံ၊ မြို့ကွပ်အပါအဝင် မင်းမှုထမ်း ၁ဝ နေရာအကြောင်း၊ သာရဗိမာန်၊ မင်းစီးလှေ၊ ပသုံလှေ၊ ပြည်ကုံးလှေ အပါအဝင် လှေစု ၃၆ မျိုးအကြောင်း၊ ပဉ္စရူပဖောင်၊ သတ္တရူပဖောင်၊ နဝရူပဖောင်အပါအဝင် ဖောင်စု ၅ မျိုးအကြောင်း၊ လက်သစ်လှော်ကား၊ ပြည်လုံးရလှော်ကား၊ ရွှေတံငါလှော်ကားအပါအဝင် လှော်ကားစု အမျိုးအစား ၂၉ မျိုးအကြောင်း၊ ရာဇပလ္လင်၊ မာရဘင်အပါအဝင် ပလ္လင်တော် ၄ မျိုးအကြောင်းတို့ကို သရုပ်ဖော်ပုံများနှင့်တကွ သိရှိကြရမည်ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မြဝတီမင်းကြီးဦးစ၏ မင်းခမ်းတော်ဖွဲ့များ၊ အမရပူရမြို့ နန်းတော်ပုံ၊ လှေတော်ပုံ၊ ဥကင်တော်ဖွင့်ခန်း၊ မင်းခမ်းတော် သရုပ်ပြပုံများ၊ ဖောင်တော်ပုံများ၊ လှော်ကားတော် လှေတော်ပုံများကိုပါ ထည့်သွင်းပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|