|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အဘိဓမ္မာ သင်္ဂြိုဟ်ကိုးပိုင်း သရုပ်ခွဲ ဇယားနည်း (ဆိုရိုး)
-
-
Author(s):
မူလပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တ နာရဒ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 151
- Binding: Paperback
- Size: 15 cm x 21 cm
|
- Description: အဘိဓမ္မာ ၇ ကျမ်းကို အကျဉ်းချုံးထားသည့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် ကျယ်ဝန်းနက်နဲ ခက်ခဲသည့် အဘိဓမ္မာပိဋကတော်ကို လေ့လာသင်ယူလိုသူများနှင့် စာသင်သားများအတွက် အားထားရာ ကျမ်းငယ်တစ်ဆူဖြစ်ခဲ့သော်လည်း ထိုကျမ်းပါ အဘိဓမ္မာဆိုင်ရာများကို သိရှိနားလည် သေချာစွာ တတ်မြောက်ဖို့ရန်မှာမူ အခြေခံ လမ်းရိုးအတိုင်း သင်ယူပါက အနည်းဆုံး ၄, ၅ နှစ်မျှ အချိန်ပေးမှသာ တတ်မြောက် သိရှိနိုင်မည်ဟုဆိုသည်။ စားဝတ်နေရေး လူမှုရေးကိစ္စ အထွေထွေဖြင့် ရုန်းကန်လှုပ်ရှားနေရပြီး ပါဠိနှင့် ကျွမ်းဝင်မှုမရှိသော လူသားများအတွက်မူ ထိုကျမ်းသည် အလှမ်းဝေးလျက်ရှိရာ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းသောအားဖြင့် မူလပဋ္ဌာန်းဆရာတော်က ဤစာအုပ်ကို ပြုစုထားခြင်းဖြစ်သည်။ ဆရာတော်က ဤစာအုပ်တွင် အဘိဓမ္မတ္ထသင်္ဂလကျမ်းကို အခြေခံ၍ သင်္ဂြိုဟ် ၉ ပိုင်းကို သရုပ်ခွဲဇယားပုံစံဖြင့် ရေးသားရှင်းလင်းထားခြင်းဖြစ်ပြီး ၁ဝ နှစ်အရွယ် ကလေးငယ်များကို စမ်းသပ်ပို့ချ သင်ကြားပေးခဲ့ရာ အချိန်တိုအတွင်း လျင်မြန်လွယ်ကူစွာ သရုပ်ခွဲတတ်မြောက်လာနိုင်ကြသည်ကို တွေ့ရသည်ဟုဆိုသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|