|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပဋ္ဌာနပန်းကုံး
-
-
Author(s):
အရှင်ကုမာရ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 249
- Binding: Paperback
- Publication Month Year: Sep-1996
- Size: 17 cm x 25 cm
|
- Description: ပန်းကုံးဆရာတော်ဟု ထင်ရှားသော ပျံလွန်တော်မူသွားပြီဖြစ်သည့် မြောင်းမြ တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက်နှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက်များ၏ နာယက အရှင်ကုမာရ ရေးသားစီရင်ခဲ့သည့် ပဋ္ဌာန်းကျမ်းကြီးဖြစ်သည်။ ဆရာတော်သည် ဤကျမ်းကိုပြုစုရာတွင် ပဋ္ဌာန်းသိပ္ပံဆရာတော်၏ ပို့ချစဉ်ကို အခြေခံ၍လည်းကောင်း၊ မစိုးရိမ်ဆရာတော်၊ သဒ္ဒမ္မောဒယဆရာောတာ်၊ မြောင်းမြဆရာတော်တို့၏ သင်ပြညွှန်ကြားချက်များကို ဖြည့်စွက်၍ လည်းကောင်း၊ ဆရာတော်ကိုယ်တိုင် စာချရာမှ ပေါက်ပွားလာသော နည်းစနစ်များဖြင့်လည်းကောင်း ပေါင်းစပ်ကာ ပြုစုရေးသားထားခြင်း ဖြစ်သည်။ ကျမ်းစာ၌ ပဉှာဝါရသုဒ္ဒသင်္ချာကို မျိုးစဉ်အားဖြင့် ပြဆို၍လည်းကောင်း၊ သရုပ်ခွဲ၍လည်းကောင်း၊ သုဒ္ဓသင်္ချာအားလျော်စွာ ဝိဘင်္ဂပါဠိတော် ဖြစ်ပေါ်လာပုံ၊ အရကောက်များ ဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ မျိုးကွဲပစ္စည်းများကို ပေါင်းစု၍ ပဉှာဝါရ ဝိဘင်္ဂနှင့် သုဒ္ဒသင်္ချာတို့ကို ဒေသနာစဉ်ကျအောင် ပြဆို၍လည်းကောင်း၊ သဘောဂမှ ဃဋနာယူပုံ၊ ဃဋနာယူမှ သဘာဂယူပုံကို အပြန်အလှန်ပြဆိုပြီးနောက် မိဿကသင်္ချာဝါရကိုလည်း ဒေသနာစဉ်ကျအောင် ပေါင်းယူပြ၍လည်းကောင်း၊ ပစ္စည်း, ပစ္စနိက် စသော နယသုံးပါးတို့ကို ပစ္စယုဒ္ဓါရဇယားတစ်ခုတည်းဖြင့် သိလွယ်မြင်လွယ်အောင် ပြဆို၍လည်းကောင်း၊ နယအားလျော်စွာ ပစ္စည်းတွန်းပုံကို တစ်ကဏ္ဍသီးသန့်ပြ၍ သဉှာဝါရကို နိဂုံအုပ်၍လည်းကောင်း၊ သက်ဆိုင်ရာအဓိပ္ပာယ်များကို တိုရှင်း လိုရင်းမျှ ထည့်သွင်း၍ ပစ္စယနိဒ္ဒေသပြဆို၍လည်းကောင်း၊ အနုလုံသုဒ္ဓသင်္ချာ, ပစ္စနိက်သုဒ္ဒသင်္ချာတို့ကို အခြေခံထားလျက် ဆဝါရကို ဆက်လက်ပြဆိုပြီး ပဋ္ဌာန်းကုသလတိက်ကို ပြီးဆုံးစေ၍လည်းကောင်း ရှင်းပြထားသည်ကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|