|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြတ်နိုးဖွယ်ရာ ပြည်မြန်မာ ဆောင်းပါးပေါင်းချုပ်
-
-
Author(s):
ဒေါက်တာဦးဖေဉာဏ်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 246
- Binding: Paperback
- Publication Month Year: Mar-2010
- Size: 19 cm x 25 cm
|
- Description: ထားဝယ်ဇာတိဖြစ်ပြီး လက်ရှိတွင် ရှေးဟောင်းသုတေသန အကြံပေးပညာရှင်၊ နိုင်ငံတော် ပြက္ခဒိန် အကြံပေးအဖွဲ့ဝင်အစရှိသည့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသူ စာရေးသူ ဒေါက်တာဦးဖေဉာဏ်၏ သမိုင်းသုတေသနဆောင်းပါးများကို စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။ စာအုပ်ပါ ဆောင်းပါးများမှာ အစိုးရသတင်းစာများ၊ ပေါ်ပြူလာသတင်းဂျာနယ် အပါအဝင် ဂျာနယ်၊ စာစောင်များတွင် ဦးစွာ ဖော်ပြခြင်းခံခဲ့ရပြီး ယခုစာအုပ်တွင် တပေါင်းတစည်းတည်း ဖတ်ရှုလေ့လာနိုင်ကြမည်ဖြစ်သည်။ မြတ်စွာဘုရားရှင် အကြိမ်ကြိမ် ကြွရောက်ခဲ့သော မြန်မာနိုင်ငံတော်၊ ထားဝယ်ဒေသမှ ပျူနိုင်ငံ၏ မြို့ဟောင်းများ၊ တနင်္သာရီပျူ၊ ထားဝယ်စကားနှင့် ရှေးမြန်မာလူမျိုး၊ ယောနယ်က တောင်သားလူမျိုးတို့ ပျော်ရာ ပုံတောင် ပုံညာသွား တောလား၊ ပျူသမိုင်းဆိုင်ရာ သက္ကရာဇ်အထောက်အထားများ၊ နိုင်ငံတော်သမိုင်းဆိုင်ရာ သက္ကရာဇ် အထောက်အထားများ၊ မြန်မာ့သင်္ကြန်၊ ရာဇဂဟသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်၊ အင်အားကြီးမားခဲ့သော မြန်မာနိုင်ငံတော်၊ မြန်မာအစ မြန်မာက၊ ဗြဟ္မာဒေသ၊ တကောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ခေါက်၊ ရွှေမြစ်ကြီးများ စီးဆင်းနေသည့် မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ဇာတာတော်ပုံ၊ စန္ဒကူးမြိုင် သာသနာ့ရိပ်သာသမိုင်း၊ စန္ဒကူးမြိုင် သာသနာ့ရိပ်သာ ကန္နီတရားစခန်းဖွင့်ပွဲ အစရှိသည့် ဆောင်းပါး ၁၉ ပုဒ်ပါရှိသည်၊
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|