|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လူငယ်များအတွက် ဒိန်ခဲ
-
-
Author(s):
တင်မောင်မြင့်
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 86
- Binding: Paperback
- Publication Month Year: Oct-2016
- Size: 13 cm x 18 cm
|
- Description: ဝင်္ကပါတစ်ခုတည်းတွင် နေကြသည့် ဇာတ်ကောင်လေးဦးဖြစ်သည့် ကြွက်ကလေး စနစ်ဖ်နှင့် စကားရီး၊ ၎င်းကြွက်များနှင့် ရွယ်တူ လူသေးသေးနှစ်ယောက် ဟမ်နှင့် ဟောတို့ ပါဝင်သည့် ဝတ္ထုတိုဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အပြောင်းအလဲများနှင့် နပန်းလုံးနေရသည့် လူသန်းပေါင်းများစွာအား အထောက်အကူပြုစေခဲ့သည့် ဤပုံပြင်ဆန်ဆန် ဒဏ္ဍာရီကလေးတွင် ပျော်စရာ ရွှင်စရာကလေးများဖြင့် ပါးပါးလေး ပညာပေးသွားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဇာတ်လမ်းထဲတွင် ဇာတ်ကောင်အားလုံးသည် မမျှော်လင့်သော အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူတို့ထဲမှ တစ်ယောက်သည် ပြဿနာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပုံနှင့် ထိုသူက သူ၏ အတွေ့အကြုံများကို ဝင်္ကပါနံရံတွင် ရေးသားခဲ့သည်။ သူ၏ရေးသားချက်များတွင် မည်သည့် အပြောင်းအလဲ အချိုးအကွေ့တွင် မည်သို့ကျော်လွှားပြီး ပိုမိုကောင်းမွန်သည့် တစ်နေရာသို့ မည်သို့ အရောက်သွားရမည်ဆိုသည့် နိဿရည်းကို ဖော်ပြထားသည်။ ဝတ္ထုပါ ဝင်္ကပါမှာ မိမိတို့ လိုချင်တာ ရှာဖွေနေသည့် ဒေသတစ်ခုခုဖြင့် တင်စားထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ စပင်ဆာဂျွန်ဆင်က “ဒိန်ခဲ”ကို သူ့ဘဝအခက်အခဲ၊ အပြောင်းအလဲများအား ရင်ဆိုင်ကျော်ဖြတ်ရာတွင် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်သည်။ ကမ္ဘာကျော် မူရင်းစာအုပ်အမည်မှာ Spencer Johnson, M.D၏ Who Moved My Cheese for teens? ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|