|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ
-
-
Author(s):
ရွှေဟင်္သာတောရ စံကျောင်းဆရာတော်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 71
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 12 cm x 18 cm
|
- Description: ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်းဆရာတော်ကိုယ်တိုင် ဘာသာ သာသနာတော် အန္တရာယ် တားဆီးကာကွယ်ခြင်း အလို့ငှာ ဗုဒ္ဓဘာသာဝင်တိုင်း သတိမူ ဂရုပြုသင့်သော နက်နဲခဲကတ် အရပ်ရပ်ပြဿနာ ၁၄ ချက်ကို ဖြေဆိုထားသည့် ဝိနိစ္ဆယဖြတ်ထုံးစာအုပ်ဖြစ်သည်။ မည်သည့်တရားနှင့် ပြည့်စုံသောသူကို သောတာပန်ဟုခေါ်၊ သောတာပန်ကို မျက်စိဖြင့် မြင်လျှင် သိနိုင်/မသိနိုင်၊ သောတာပန်မဟုတ်ဘဲ သောတာပန်ဟုပြောဆိုက မည်သည့်အပြစ်ဖြစ်၊ သောတာပန်ဖြစ်ရန် မည်သည့်တရားကို အားထုတ်ရန်လို၊ ဂတိမြဲသော ပုထုဇဉ်များ ရှိ/မရှိ၊ ဘုရား တရား သံဃာသည် ပရမတ်လား ပညတ်လား၊ ပညတ်ကိုပယ်က ဘုရားကို ပယ်ရာ ကျ/မကျ၊ ယခုကာလရှိသော သံဃာများကို ပစ်ပယ်အပ်/မအပ်၊ ခန္ဓာကို ဘုရားဟု ခေါ်ရမည်လား ဉာဏ်ကို ဘုရားဟု ခေါ်ရမည်လား၊ သီလ သမာဓိစသော တရားများကို အစဉ်အတိုင်း မကျင့်ဘဲ ဘုရားဖြစ်နိုင်/မဖြစ်နိုင်၊ အရိယာဖြစ်သောလူကို ပုထုဇဉ်ရဟန်းက ရှိခိုးသင့်/မသင့်၊ ရုပ်နာမ်ခန္ဓာကို သိခါမျှဖြင့် ကလျာဏပုထုဇဉ် ဖြစ်နိုင်/မဖြစ်နိုင်၊ ကလျာဏပုထုဇဉ်ဖြစ်က အပါယ်က လွတ်/ မလွတ်၊ သိရိဓမ္မာသောကမင်းကြီး စပါးကြီးမြွေဖြစ်သည်ဆိုသည်မှာ မှန်/မမှန်စသည်ရှိသည့် ပြဿနာ ၁၄ ချက်ကို အထောက်အထား အခိုင်အလုံဖြင့် ဖြေဆိုပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|