|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဘေးအမျိုးမျိုး ရန်အသွယ်သွယ် အန္တရာယ်မှန်သမျှတို့ကို ကာကွယ်စောင့်ရှောက်တတ်သော ပဋ္ဌာန်းဒေသနာတော်ကို စနစ်တကျ၊ အသံထွက် မှန်ကန်စွာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုလုပ်နိုင်အောင် စီစဉ်ထားသော စာအုပ်ဖြစ်သည်။ ပဋ္ဌာန်းအပါအဝင် ဗုဒ္ဓမန္တာန်များ ရွတ်သူ ပြည့်စုံရမည့် အင်္ဂါ ၃ ပါး၊ နာယူသူ ပြည့်စုံရမည့် အင်္ဂါ ၃ ပါး၊ မရွတ်ဖတ်ခင် ရှေးဦးစွာ ပြုလုပ်ရမည့် အစီအစဉ်၊ နတ်ဗြဟ္မာများအား တရားနာ ဖိတ်ကြားခြင်း၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပစ္စယနိဒေသ ပါဠိတော် အသံထွက် (တစ်ကြောင်းချင်း)၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ မြန်မာပြန်တို့ပါဝင်သည်။ ဗုဒ္ဓမန္တန်သုတ်တော်များကို ရွတ်ဖတ်သူများ ပြည့်စုံရမည့် အင်္ဂါသုံးပါးတွင် မိမိရွတ်သော သုတ်တော်၏ အနက်အဓိပ္ပာယ်ကို ကောင်းစွာသင်ကြားထားပြီး မှန်ကန်စွာသိခြင်းဆိုသည့် အချက်နှင့် ရွတ်ဖတ်သည့်အခါ ပုဒ်၊ ဗျည်း၊ အက္ခရာတို့ကို အပိုအလိုမရှိ ပြည့်စုံအောင် တိကျစွာရွတ်ဖတ်ခြင်းဆိုသည့် အချက်တို့ပါရှိရာ ထိုအင်္ဂါများပြည့်စုံအောင် ဤစာအုပ်မှ ဖြည့်ဆည်းပေးမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|