|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လောကီကြီးပွားချမ်းသာရေး ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ပေး
-
-
Author(s):
ဇေယျာမင်း (ကေတု)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 55
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 13 cm x 21 cm
|
- Description: ဤစာအုပ်ပါ ခင်ပွန်းဆိုသည်မှာ ကိုယ့်အပေါ် ကျေးဇူးရှိခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းကို လိုလိုရင်းဖြစ်သည်။ ထို ခင်ပွန်းကြီး ၁ဝ ပါးတို့မှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝကနှင့် မဟာသာဝက၊ ရိုးရိုးရဟန္တာ၊ မိခင်၊ ဖခင်၊ ဆရာသမား၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို ဖြည့်ကျင့်နေသော ပုဂ္ဂိုလ်၊ တရားဓမ္မကို ပြောပြသဆုံးမတတ်သော ဆရာသမားနှင့် တစ်လုတ်စားဖူး ကျေးဇူးရှင်တို့ဖြစ်ကြသည်။ ထို ခင်ပွန်းကြီး ၁ဝ ပါးကို ကာယကံ၊ ဝစီကံ၊ မနောကံတို့အနက် တစ်ပါးပါးဖြင့် ပြစ်မှားမိပါက အကုသိုလ် အကျိုးပေးဖြစ်သည့် ဒဏ်ဆယ်ပါးသင့်သည်ဟု ဆိုသည်။ ၎င်းတို့ကို လင်္ကာအားဖြင့် သွေးအန်ဖြစ်လွယ် ရောင်းဝယ်ရှုံးခြင်း ချို့ယွင်းအင်္ဂါ နူနာကုဋ္ဌ ရူးကြဖောက်ပြန် မင်းဒဏ်သင့်ခဏ်း ကြမ်းတမ်းစွပ်စွဲ သေကွဲသားချင်း ပျက်ခြင်းစည်းစိမ် နေအိမ်မီးလောင် ဒုက္ခကောင်သည် လူ့ဘောင်ဒိဋ္ဌ တွေ့ကြုံရ၍ သေသငရဲ ကမ္ဘာစွဲ၏။ ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်ဟု စပ်ဆိုထားသည်။ သတ္တဝါတို့သည် သံသရာ ရှည်လွန်းသဖြင့် ယခင်ဘဝများမှာရော ယခုဘဝမှာပါ ဒီလိုတရားများကို မသိခင်က ပြစ်မှားမိခဲ့နိုင်ရာ ယခုစာအုပ်တွင် ပြစ်မှားမိခဲ့သည့် အကုသိုလ်အပြစ်များကို ချေဖျက်ဖို့အတွက် ကန်တော့ပုံ ကန်တော့နည်းများကို အသေးစိတ် ရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|