|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓဘာသာဂုဏ်ရည်
-
-
Author(s):
ဓမ္မာစရိယဦးအေးနိုင် (ဘီအေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 420
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 13 cm x 20 cm
|
- Description: “ဗုဒ္ဓဘာသာဆိုတာ ဘယ်လို ဘာသာမျိုးလဲ”ဆိုသည့် မေးခွန်းကို မေးလာပါက မေးသူနားလည်အောင် ပြန်လည်ဖြေကြားတတ်သူ အလွန်ရှားသည်ဟု စာရေးသူ ဆရာကြီး ဓမ္မာစရိယဦးအေးနိုင်က သူ၏ အတွေ့အကြုံကို အမှာစာတွင် ဦးစွာဆိုထားသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် ဒါနအကြောင်းကို ထူးထူးခြားခြား အသေးစိတ် ဟောကြားထားသော်လည်း ယခုကာလ လှူနေကြသည့် ဒါနများမှာ ဂုဏ်ပကာသနကို ရှေ့တန်းတင်နေကြသည်ကိုလည်းကောင်း၊ သီလနှင့်ပတ်သက်၍လည်း အကျိုး၊ အပြစ်ကို ကောင်းကောင်း နားမလည်ကြဘဲ ငါးပါးသီလကိုပင် ပီသအောင် မဆိုတတ်သူများကိုလည်းကောင်း တွေ့နေရသဖြင့် ဤစာအုပ်ကို ရေးသားပြုစုရခြင်းဖြစ်သည်ဟု ဆိုသည်။ စာအုပ်တွင် အခန်း ၄ ခန်းပါရှိသည်။ အခန်း ၁ တွင် ဗုဒ္ဓဘာသာ၌ ရှိသော ဂုဏ်အင်္ဂါကြီး ၄ ရပ်နှင့်တကွ ဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်ကိုလည်းကောင်း၊ အခန်း ၂ တွင် ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဧကန်နားလည်ထားရမည့် သရဏဂုံအကြောင်းနှင့်တကွ နတ်၊ ဘိုးတော် ကိုးကွယ် ကောင်း/မကောင်း၊ သရဏဂုံတန်ခိုးနှင့် အကျိုး၊ ဗုဒ္ဓဘာသာဝင်အဖြစ်မှ လျှောကျသွားနိုင်သည့် လုပ်ရပ်များကိုလည်းကောင်း၊ အခန်း ၃နှင့် ၄ တို့တွင် ဒါန၊ သီလနှင့်စပ် သိမှတ်ဖွယ်ရာများကိုလည်းကောင်း အကျယ်တဝင့် ရေးသားတင်ပြထားသည်ကို ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|