|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ချမ်းမြေ့ ပြည့်စုံသောဘဝ (Perfect Way of Living) (အင်္ဂလိပ် + မြန်မာ)
-
-
Author(s):
ဦးအောင်သိန်းညွန့်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 223
- Binding: Paperback
- Publication Month Year: Aug-2022
- Size: 18 cm x 24 cm
|
- Description: မင်္ဂလသုတ်မှ မင်္ဂလာတရားများကို လက်တွေ့ဘဝနှင့် စပ်ဟပ်၍ အဆင့်အားလျော်စွာ ခွဲခြားတင်ပြထားသော စာအုပ်ဖြစ်သည်။ ထိုသို့ တင်ပြထားရာတွင် မင်္ဂလာတရားများကို ဘဝလိုအပ်ချက်နှင့်အညီ အစု ၈ စုခွဲခြား ရှင်းလင်းထားသည်။ ၎င်းတို့မှာ ဗုဒ္ဓဘာသာ ဘဝနေနည်း၊ ချမ်းမြေ့ပြည့်စုံသောဘဝ၏ အခြေခံများ၊ ပညာနယ်ပယ် ချဲ့ထွင်ခြင်း၊ အခြေခံမူများကို လိုက်နာကျင့်သုံးခြင်း၊ ဘဝလုံခြုံမှုခံတပ် တည်ဆောက်ခြင်း၊ ချမ်းမြေ့ပြည့်စုံသောဘဝကို ထိန်းသိမ်းခြင်း၊ ဘဝလွတ်မြောက်ရေးနှင့် ဓမ္မကို ကျင့်သုံးခြင်း၊ အရဟတ္တဖိုလ် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများတို့ ဖြစ်ကြသည်။ အခန်း ၁ မှ ၅ ထိ ဖတ်ရှုပြီးပါက ချမ်းမြေ့ပြည့်စုံသော ဘဝတစ်ခု တည်ဆောက်ရန်အတွက် လုံလောက်သည့် အဖြေကို ရရှိမည်ဖြစ်ပြီး အခန်း ၆ တွင်မူ ရရှိပြီးအဆင့်ကို မည်သို့ ထိန်းသိမ်းရမည်ကို ဖော်ပြထားသည်။ အကယ်၍ လောကီချမ်းသာမှုအပေါ် ငြီးငွေ့သော ခံစားမှုများ ဖြစ်ပေါ်လာက အခန်း ၇ က အထောက်အကူပြုမည်ဖြစ်ပြီး အခန်း ၈ မှာမူ လောကဓံကို ရင်ဆိုင်ရာတွင် အရဟတ္တဖိုလ်စွမ်းရည်၏ အသုံးဝင်ပုံများကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာရေးသူသည် သာသနာရေးဝန်ကြီးဌာနမှ ယခင်က ထုတ်ဝေခဲ့သည့် The Light of the Dhamma မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး သာသနာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|