|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပလက်ဖေါင်း မင်းသား (ခေတ် ၃ ခေတ် နာမည်ကျော်ကြားခဲ့သော လူပုဂ္ဂိုလ် ၄ ဦး)
-
-
Author(s):
ကျော်မြသန်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 160
- Binding: Paperback
- Publication Month Year: Sep-2010
- Size: 13 cm x 21 cm
|
- Description: ကိုလိုနီခေတ်က ကုလားလူမိုက်သူဌေး မတ်စတီးခန်း၊ သူနှင့် လက်ဝါးချင်းရိုက်၍ သောင်းကျန်းနေသူ ပုဏ္ဏားဘကွန်း၊ သူတို့နှစ်ယောက်ကို ကျော်၍ လူမိုက်လုပ်လာသူ လမ်းမတော်ဖိုးတုတ်၊ လမ်းမတော်ဖိုးတုတ်နှင့် ခေတ်ပြိုင် ဗိုလ်တထောင်ငမိုးတို့အကြောင်းကို သူတို့နာမည်ကြီးလာပုံ၊ သူတို့၏ မိုက်ကန်းချက်များ၊ သို့သော် လူမိုက်တို့၏ သွားရာလမ်းအတိုင်း လမ်းမတော်ဖိုးတုတ်သည် ဂျပန်ခေတ်အရောက်၌ ထောင်ထဲတွင် လူမသိသူမသိ သေဆုံးခဲ့ရသလို၊ ဗိုလ်တထောင်ငမိုးသည်လည်း ပညာ့အလင်းဦးတင်၏ ခိုင်းစေချက်အရ မြန်မာ့အလင်း ဆရာသင်ကို သတ်မှုဖြင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်ခံစားခဲ့ရပြီး ဇာတ်သိမ်းမလှခဲ့ပုံတို့ကို ဦးစွာတင်ပြထားသည်။ ထို့နောက် လမ်းစဉ်ပါတီ ဆိုရှယ်လစ်ခေတ်က ရုပ်ရှင်မှောင်ခိုလုပ်ငန်းဖြင့် တစ်ခေတ်ထူထောင်၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့သူ၊ ဘောလုံးပွဲ ရုပ်ရှင်ပွဲ ပြဇာတ်ပွဲတို့တွင် တစ်ပွဲလျှင် ထိုခေတ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ လက်ဖျား ငွေသီးခဲ့သူ မောင်ရေခဲ၏ ဒုစရိုက်အမှောင်လောကမှ လုပ်ကွက်များ၊ မှောင်ခိုလုပ်ငန်း၏ သဘောသဘာဝနှင့် မောင်ရေခဲ၏ ကွက်ကျော်မြင် စီးပွားရေး သောင်းကျန်းခဲ့မှုများ၊ နောက်ဆုံးတွင် သူသည်လည်း နောင်တော်များနည်းတူ အုတ်ရိုးနောက်ရောက်ခဲ့ရပုံများကို တရားသံဝေဂရဖွယ် ရေးသားတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|