|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘိက္ခုနီသာသနာဝင် အမျိုးသမီးရဟန်းတို့၏ ဘဝဖြစ်စဉ်များကို ဖော်ပြထားသည့် ပုံတော်စုံ ထေရီအပဒါန်ဝတ္ထုတော်ကြီး
-
-
Author(s):
အရှင်ဓမ္မဿာမီဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 553
- Binding: Paperback
- Publication Month Year: Feb-2010
- Size: 17 cm x 25 cm
|
- Description: ဗုဒ္ဓသာသနာတော်တွင် သီတင်းသုံးဖော်(သို့) သာဝက လေးမျိုးရှိသည်။ ၎င်းတို့မှာ အမျိုးသားရဟန်းတော်များဖြစ်ကြသည့် ဘိက္ခု၊ အမျိုးသမီးရဟန်းများဖြစ်ကြသည့် ဘိက္ခုနီ၊ အမျိုးသားကိုရင်များဖြစ်ကြသည့် သာမဏေကျော်၊ အမျိုးသမီးကိုရင်များဖြစ်ကြသည့် သာမဏေရီတို့ဖြစ်ကြသည်။ ဂေါတမမြတ်စွာဘုရား၏ မိထွေးတော် ဂေါတမီသည် ဘိက္ခုနီအဖြစ် သာသနာတွင်းသို့ဝင်ရန်အတွက် ရှည်လျားသော ခရီးကို လျှောက်လာခဲ့ပြီး ဘုရားရှင်အား ပန်ကြားလျှောက်ထားခွင့် တောင်းခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပေ။ နောက်ဆုံး အရှင်အာနန္ဒာမထေရ်ကြီး၏ ကျိုးကြောင်းလျှောက်ထားချက်ကြောင့် ဘိက္ခုနီဖြစ်ခွင့်ရကာ သာသနာတွင်းဝင်ခဲ့ရသည်။ ဤပုံတော်စုံ ထေရီအပါဒါန်ဝတ္ထုတော်ကြီးတွင် မိထွေးတော်ဂေါတမီထေရီမှအစ များစွာသော ဘိက္ခုနီသာသနာဝင် အမျိုးသမီး ရဟန်းတော်များ၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝ ဖြစ်ပုံ အစုံစုံကို သာသနာဝင်ကျမ်းများဖြစ်သော ထေရ ထေရီ ပါဠိတော်၊ အဋ္ဌကထာ၊ အပါဒါန်ကျမ်းများ၊ ဇာတကကျမ်းများ၊ အင်္ဂုတ္ထိုရ်၊ ဓမ္မပဒစသော ကျမ်းပေါင်များစွာတို့မှ ထုတ်နုတ်ကာ ရှာဖွေစုဆောင်း ပြုစုထားသည်။ ဝတ္ထုဇာတ်ကြောင်းများတွင် ဘဝများစွာမှစပြီး ဘဝအဆက်ဆက်တို့၌ ကုသိုလ်ကောင်းမှု ပြုကာ ပါရမီဖြည့်ခဲ့ကြသူ အမျိုးသမီးများ၊ ဘုရားရှင်၏ လက်ယာတော်ရံနှင့် လက်ဝဲတော်ရံ တပည့်များဖြစ်ဖို့ ရည်ရွယ်ပါရမီဖြည့်ခဲ့ကြသူများ၊ ဘုရားရှင်ကဂုဏ်ပြုသော ထူးထူးခြားခြား ဧတဒဂ်ဘွဲ့ထူးဂုဏ်ထူးများရရှိကာ သံသရာဘဝဇာတ်သိမ်းရန် ဓိဋ္ဌာန်ပြီး ပါရမီဖြည့်ကျင့်ခဲ့ကြသူများ၊ ထိုသို့ ပါရမီဖြည့်ကျင့်ခဲ့ကြသဖြင့်လည်း သူတို့ ရည်သန်မျှော်မှန်းသည့်အတိုင်း တရားကိုသိမြင်ကာ ပရိနိဗ္ဗာန်စံသွားခဲ့ကြသူများကို စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာ ကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|