|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဆီးချို သွေးချိုရောဂါ အနိုင်ယူပါ (The Bible Cure for Diabetes)
-
-
Author(s):
ဝေဒနာရှင်တစ်ဦး
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 81
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 10 cm x 16 cm
|
- Description: Don Colbert, M.D၏ The Bible Cure for Diabetesကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား ၁၆ သန်းခန့်သည် ဆီးချို၊ သွေးချိုရောဂါခံစားနေကြရပြီး ၎င်းတို့အနက် ၃ ပုံ ၁ ပုံခန့်သည် ရောဂါရှိမှန်းမသိဘဲ အမှုမဲ့ အမှတ်မဲ့ ရှိနေကြသည်ဟုဆိုသည်။ ထိုရောဂါသည် အမေရိကန်နိုင်ငံတွင် အသေအပျောက်အများဆုံးရောဂါများအနက် အမှတ် ၇ နေရာတွင် ရှိသည်။ ထိုသို့ အဖြစ်များလာသော အန္တရာယ်ကြီးမားသည့် ဆီးချို သွေးချိုရောဂါအကြောင်းကို ရောဂါဖြစ်ရသည့် အကြောင်းရင်းနှင့်တကွ ရောဂါရှင်များ နေထိုင်စားသောက်နည်းများကို ဤစာအုပ်တွင် အကြံပြုဆွေးနွေးထားသည်။ စာအုပ်တွင် ဆီးချို သွေးချိုနှင့် ပတ်သက်နေသည့် ပန်ကရိယအကြောင်း၊ အလုပ်လုပ်ပုံ၊ အင်ဆူလင်၏ အရေးပါပုံ၊ ဆီးချို သွေးချို အဓိက အမျိုးအစား ၂ မျိုးရှိပုံ၊ ရောဂါလက္ခဏာ၊ နှလုံး၊ လေဖြတ်၊ သွေးပေါင်တက်၊ မျက်စိကွယ်အပါအဝင် ဆက်စပ်ကျန်းမာရေးပြဿနာများ၊ ဆီးချို အညွှန်းကိန်းအကြောင်း၊ အစားအသောက်တွင် အမျှင်ဓာတ်ပါဖို့ အရေးကြီးပုံ၊ ကိုယ်လက်လေ့ကျင့်ခန်းဖြင့် ခုခံတွန်းလှန်ပုံ၊ ခန္ဓာကိုယ် အလေးချိန် လျှော့ချခြင်းဖြင့် ခုခံတွန်းလှန်ပုံ၊ အဟာရဓာတ် ရရှိသော အစားအစာများ ဖြည့်စွက်စာများဖြင့် ခုခံတွန်းလှန်ပုံတို့ကို အခန်း ၅ ခန်းခွဲကာ ရှင်းပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|