|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကမ္ဘာ့အရင်းရှင်စနစ် အသံတိတ် နန်းသိမ်းပွဲ
-
-
Author(s):
မြရင်
- Type: Myanmar Books
-
Category:
ကုန်သွယ်ရေး / စီးပွားရေး
,
နိုင်ငံရေး
- No of Pages: 388
- Binding: Paperback
- Publication Month Year: Nov-2007
- Size: 13 cm x 19 cm
|
- Description: Silent Takeover by Global Capitalismစာအုပ်နှင့် အခြားသော နိုင်ငံတကာမှ ထုတ်ဝေသည့် စာအုပ်များကို မှီးငြမ်းရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် ၂ဝ ရာစု မကုန်ဆုံးမီတွင် ပေါ်ပေါက်လာခဲ့သည့် အင်္ဂလို - ဆက်ဆွန် အရင်းရှင်ဝါဒသစ်သည် မီဂါအရင်းရှင်သူဌေးကြီးများကို မွေးထုတ်ပေးခဲ့ပုံ၊ ထိုဝါဒသစ်သည် ကမ္ဘာအနှံ့သို့ ပြန့်နှံ့သွားပြီးနောက် မီ၈ါအရင်းရှင်သူဌေးကြီးများသည် ဂလိုဘယ်အရင်းရှင်၊ မဟာမီဂါအရင်းရှင်ကြီးများဖြစ်လာကြပုံ၊ ကမ္ဘာ့အရင်းရှင်စနစ် ကြီးထွားစေရန် သဘောထားတင်းမာသူ မာဂရက်သက်ချာသည် ဗြိတိသျှဝန်ကြီးချုပ်အဖြစ် အာဏာရှိစဉ်က သူ၏ လုပ်ဖော်ကိုင်ဖက် အမေရိကန်သမ္မတ ရော်နယ်ရီဂင်နှင့်အတူ လက်တွဲ၍ အရင်းရှင်စနစ်ကို တမူထူးခြားသော ဝိသေသဖြစ်စေကာ နိုင်ငံရေးအယူဝါဒများ ပြောင်းလဲစေခဲ့ပုံ၊ ထို့နောက် ကမ္ဘာ့စီးပွားရေးကော်ပိုရေးရှင်းများအား အလွန်အမင်းလုပ်ပိုင်ခွင့်များ ပေးအပ်ပြီး ဈေးကွက်ဝေစုများကို နိုင်ငံရေးအယူဝါဒများနှင့် ဒီမိုကရေစီတို့ဖြင့် လဲလှယ်ခွဲဝေယူလာကြပုံ၊ နိုင်ငံရေးအာဏာကို ဒီမိုကရေစီအစိုးရများလက်မှ အရင်းရှင်တို့က အသံတိတ် လွှဲပြောင်းရယူလာကြပုံ၊ ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးသက်ရောက်မှု အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး ရောယှက်လာမှုများကို ဖွင့်ချထုတ်ဖော် ရေးသားထားသည်။ ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|