|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကိုယ်တွေ့စစ်အတွင်း ဂျပန်ပြည်
-
-
Author(s):
ဂါဒီယန်ဦးစိန်ဝင်း
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 88
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 12 cm x 19 cm
|
- Description: ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဂျပန်တို့ ပေးသော လွတ်လပ်ရေးအစိုးရ၏ ပညာတော်သင်ဆုကို ရရှိခဲ့သူ ဝါရင့်သတင်းစာဆရာကြီး ဂါးဒီးယမ်းဦးစိန်ဝင်းသည် အန္တရာယ်ထူပြောသော ပညာသင်ခရီးကြမ်းကို အသက်နှင့်ရင်း၍ လျှောက်လှမ်းကာ ဂျပန်နိုင်ငံ၌ ပညာသင်ယူခဲ့သည်။ စစ်မဖြစ်မီ ကာလကပင် မြန်မာ့အလင်းသတင်းစာ၏ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့၍ သတင်းထောက် အတွေ့အကြုံရှိနှင့်ပြီးသူ စာရေးသူသည် ဂျပန်နိုင်ငံသို့ရောက်ရှိသွားသောအခါ စစ်အတွင်း ဂျပန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်တကွ ဂျပန်ဖက်ဆစ်ဝါဒီတို့ ကြီးစိုးသည့် ဂျပန်နိုင်ငံအကြောင်းကို သတင်းသမားတစ်ဦး၏ ဆင်ခြင်တုံတရားဖြင့် ရှုမြင်ရေးသားခဲ့သည်။ ထိုရေးသားချက်များကို စုစည်း၍ ယခုကဲ့သို့ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် သူရောက်ရှိခဲ့သည့် ဂျပန်ပြည်၏ မြင်ကွင်း၊ ဂျပန်ပညာရေးစနစ်၊ ပညာသင်ကာလအတွင်း ဂျပန်မြို့ကြီးများ၌ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရမှုများ၊ ဂျပန်လူမျိုးများအကြောင်းနှင့် ဂျပန်အစိုးရအကြောင်း၊ ဂျပန်လူမျိုးတို့၏ ဝီရိယ၊ မဝင်မနေရ စစ်မှုထမ်းစနစ်နှင့် ဂျပန်တို့၏ အင်အား၊ ဘာကြောင့် ဂျပန်တို့ စစ်ရှုံးခဲ့ရပုံ၊ စစ်ပြီးချိန် မြင်ကွင်း၊ စစ်သုံ့ပန်းများအဖြစ် ပြန်လာခဲ့ရသော စာရေးသူ၏ ပြည်တော်ပြန်ခရီးအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|