|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ
-
-
Author(s):
ဓမ္မာစရိယဦးအေးနိုင် (ဘီအေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 403
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 13 cm x 21 cm
|
- Description: နတ်ဗြဟ္မာများနှင့် နတ်ပြည်၊ ဗြဟ္မာပြည်များ အမှန်ရှိ/မရှိနှင့် ပတ်သက်၍ ကိုးကားစရာ အထောက်အထားပြစရာများမှာ ပိဋကတ် သုံးသွယ်၊ နိကာယ် ငါးရပ်တို့တွင် များပြားလှသည်။ အဘယ်မျှ များသနည်းဆိုသော် ပိဋကတ် သုံးသွယ်၊ နိကာယ် ငါးရပ်တို့တွင် နတ်ဗြဟ္မာများအကြောင်း မပါသော ပိဋကနိကာယ်ဟူ၍ မရှိချေ။ ထိုသို့ ပိဋကတ်တော်လာ များပြားလှသော နတ်ဒေဝါများအကြောင်းကို ဆရာကြီး ဓမ္မာစရိယ ဦးအေးနိုင်က ဤတစ်အုပ်တည်းတွင် စုစည်းကာ နတ်ဒေဝါများအကြောင်းနှင့်တကွ နတ်ပြည်၊ ဗြဟ္မာပြည်တို့အကြောင်းကို လွယ်ကူရှင်းလင်းသော မြန်မာစကားပြေဖြင့် ရေးသားရုပ်လုံးဖော်ထားသည်။ စာအုပ်တွင် အခန်း ၂ဝ ကျော်ပါရှိပြီး ပါဝင်သော အခန်းအမည်များမှာ ဗုဒ္ဓဘာသာဝင်နှင့် ၃၁ ဘုံအမြင်၊ နတ်ဆိုသည်မှာ၊ စတုမဟာရာဇ်နတ်ပြည် အမည်ရပုံ၊ အာဠာသက နတ်စစ်သူကြီး၊ ပုဏ္ဏကနတ်စစ်သူကြီး၊ စတုမဟာရာဇ်နတ်များ၊ ကိုယ်စောင့်နတ် တကယ်ရှိသလား၊ နတ်များက လူများကို စောင့်ရှောက် မ,စနိုင်သလား၊ လူတို့အား ညှင်းပန်းနှိပ်စက်တတ်သော မိစ္ဆာနတ်များ၊ မြင့်မိုရ်တောင်ကြီးနှင့် အသုရာပြည်၊ အသုရာနှင့် တာဝတိံသာ စစ်ဖြစ်ကြခြင်း၊ တာဝတိံသာနတ်ပြည်၊ သောတာပန် သိကြားမင်း၊ နတ်သိကြားနှင့် မြတ်ဘုရားသာသနာ ဝိသကြုံနတ်သား၊ ယာမာနတ်ပြည်၊ ပရိနိမ္မိတဝသဝတ္တိနတ်ပြည်၊ လူ့ပြည်သို့ ချက်ချင်းပြန်လာတတ်သည့် နတ်များ၊ မိစ္ဆာဒိဋ္ဌိမှ ဖြစ်လာသော နတ်များ၊ နတ်များအကြောင်း အခြား သိကောင်းစရာများ၊ နတ်အစည်းအဝေးကြီးကျင်းပ၍ ကောင်းမှုစာရင်း ကောက်ယူခြင်းတို့ဖြစ်ကြသည်။ “ဗုဒ္ဓဘာသာမှာ နတ်၊ ဗြဟ္မာဆိုတာ တကယ်ရှိပါသလား။ နတ်ဗြဟ္မာတွေကို မြင်ဖူးသူ တစ်ဦးတစ်ယောက်မျှ မရှိလို့ နတ်ဗြဟ္မာရှိတယ်ဆိုတာကို ဘယ်လို ယုံရမှာလဲ” စသည့် မေးခွန်းများအတွက် ပြီးပြည့်စုံသော အဖြေတစ်ခုကို ပေးမည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|