|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အကောင်းမြင် စိတ်စွမ်းအား
-
-
Author(s):
မောင်ဆုရှင်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 388
- Binding: Paperback
- Publication Month Year: Jul-2007
- Size: 13 cm x 19 cm
|
- Description: Norman Vincent Peale၏ The Power of Positive Thinkingကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အောင်မြင်သည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရေးအတွက် လက်တွေ့ကျကျ အကောင်းမြင် စိတ်စွမ်းအားနည်းစနစ်များဖြစ်ကြသည့် ကိုယ့်စွမ်းကိုယ်စအပေါ် ယုံကြည်စိတ်ချခြင်း၊ ပကတိအေးချမ်းနေသည့် စိတ်တစ်ခု ရရှိစေရန် မိမိစိတ်ကို အရှုပ်အထွေးကင်းစင်အောင် တစ်နေ့ ၂ ကြိမ် လေ့ကျင့်ခြင်း၊ စိုးရိမ်ပူပန်မှု အသေးအဖွဲ့များကို ဖယ်ရှားခြင်း၊ ရောဂါဝေဒနာများကို ခေတ်မီနည်းစနစ်ဖြင့် ဆေးဝါးကုသခြင်းအပြင် ဘာသာရေး ယုံကြည်ချက် အင်အားများ၏ အရေးပါပုံကို ယုံကြည်ခြင်း၊ ယုံကြည်ခြင်း မေတ္တာတရား ကောင်းသော စေတနာတို့ပါဝင်သည့် အတွေးအခေါ်များကို ဦးနှောက်တွင်းသို့ ထည့်သွင်းခြင်း၊ အကျိုးမပြုသည့် အတွေးဟောင်းများကို စွန့်ပယ်လျက် သစ်လွင်သော အကောင်းမြင်စိတ် အတွေးများဖြင့် အစားထိုးခြင်းအပါအဝင် အချက်များစွာကို အခန်း ၁၇ ခန်းခွဲကာ အသေးစိတ် ရှင်းလင်းပြဆိုထားသည့် စာအုပ်ဖြစ်သည်။ မူရင်းစာရေးသူသည် အမေရိကန်နိုင်ငံတွင် လူမှုရေးနှင့်ယှဉ်သော ဓမ္မတရားများကို ဟောကြားခဲ့ပြီး ဥပဓိရုပ်နှင့် ဘဝဖွံ့ဖြိုးရေးအတွက် စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ ဓမ္မကျမ်းဆရာတစ်ဦးဖြစ်သည်။ ယခုစာအုပ်ပါ အဆို ၂၈ ရပ်မှာလည်း သမ္မာကျမ်း စာစောင် ၁ဝ စောင်မှ ရယူ၍ ရည်ညွှန်းကိုးကားထားခြင်းဖြစ်ပြီး စာအုပ်ပါ အဖြစ်အပျက် သာဓကများမှာ ခေတ်သစ်စီးပွားရေး လူမှုရေး ပတ်ဝန်းကျင်မှ ထုတ်နုတ်ထားသော ဖြစ်ရပ်များဖြစ်နေသဖြင့် ယခုခေတ်နှင့် ပို၍ အံဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|