|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးဆရာ၊ ဖျော်ဖြေရေးသမား တစ်ဦးအဖြစ် ဟောပြောပွဲများတွင် ဟောပြောခဲ့ရသူ၊ သတင်းစာ, ရေဒီယို, ရုပ်မြင်သံကြားများတွင် အင်တာဗျူးခံခဲ့ရသူ၊ မင်္ဂလာဆောင်၊ နှစ်ပတ်လည်ပွဲ၊ မိသားစု မိတ်ဆုံပွဲတွင် တက်ရောက် စကားပြောခဲ့ရသူ မူရင်းစာရေးသူ Peter Eldinက သူ့ကို ပြောဖို့ ဟောဖို့ လာဖိတ်သည့်အခါများတွင် သူရင်ဆိုင်ရသည့် အကြီးမားဆုံးပြဿနာမှာ ဆိုင်ရာ ဆိုင်ရာ ဟောပြောမှုများနှင့် ပတ်သက်မည့် ပြက်လုံးများ၊ ကိုးကားကောက်နှုတ်ချက်များကို ရှာဖွေစုဆောင်းရခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း သူသည် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ကောက်နှုတ်ချက် ဂန္ထဝင်စကားများကို ကဏ္ဍများခွဲပြီး စုဆောင်းခဲ့ရာ ယခုစာအုပ်သည် သူ၏ စုဆောင်းချက်များကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် စကားပြောနည်း ဟောနည်း၊ ဤစာအုပ်ပါ ပြက်လုံးနှင့် အဆိုအမိန့်များကို အသုံးချပုံ၊ မွေးနေ့၊ နာမည်ပေး ကင်ပွန်းတပ်ပွဲ၊ မင်္ဂလာဆောင်နှင့် ငွေရတု ရွှေရတု၊ အလုပ်ခွင်၊ ညစာစားပွဲများတွင် ဟောပြောနည်းနှင့် အခမ်းအနားတစ်ခုချင်းစီအတွက် သင့်တော်သည့် အဆိုအမိန့်နှင့် ပြက်လုံးများ၊ ဘက်စုံ လိုသလိုသုံးနိုင်သည့် စကားလုံးများကို အခန်း ၁၂ ခန်းခွဲကာ တင်ပြရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|