|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဓမ္မစေတီခေါင်းလောင်းကြီး၏ လျှို့ဝှက်ချက်များ
-
-
Author(s):
ချစ်စံဝင်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 457
- Binding: Paperback
- Publication Month Year: Oct-2010
- Size: 13 cm x 20 cm
|
- Description: ကမ္ဘာတဝန်းလုံးရှိ ခေါင်းလောင်းများအနက် တန်ချိန် အလေးဆုံးနှင့် အကြီးဆုံးဟု ယူဆထားကြသည့် ဓမ္မစေတီခေါင်းလောင်းသည် တစ်ချိန်က ရွှေတိဂုံကုန်းတော်ပေါ်တွင် စေတီတော်နှင့်အတူ သပ္ပာယ်စွာ ရှိခဲ့သော်လည်း နယ်ချဲ့ပေါ်တူဂီ ငဇင်ကာ၏ ခေါင်းလောင်းမှ လက်နက်အဖြစ် သွန်းလုပ်ရေး အကြံအစည်ကြောင့် ဘုရားရင်ပြင်မှ သန်လျင်ဘက်ကမ်းသို့ သယ်ဆောင်ရေး ရေလမ်းခရီးတွင် ဖောင်ကွဲကာ နစ်မြုပ်သွားခဲ့ရသည်။ ထိုခေါင်းလောင်းသည် ယနေ့ အကြီးဆုံးခေါင်းလောင်းဟု သတ်မှတ်ထားကြသည့် ရုရှားနိုင်ငံမှ ခေါင်းလောင်းထက် ကြီးမားလေးလံသည်ဟု ယူဆရသည်။ ခေါင်းလောင်းကြီး ဆယ်ယူရေးကို ခေတ်အဆက်ဆက်က ကြိုးပမ်းလာခဲ့ကြရာ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပေ။ ယခုအခါ ထိုကိစ္စသည် မြန်မာသာမက ကမ္ဘာကပါ စိတ်ဝင်စားလာကြပြီ ဖြစ်သည်။ ခေါင်းလောင်းဆယ်ယူရေးမှတ်တမ်းကို Jim Bluntဆိုသူ ရေငုပ်ကျွမ်းကျင်သူက အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ချိခဲ့ရာ အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ ခေါင်းလောင်းဆယ်ယူရေး ကြိုးပမ်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် စာရေးသူက ယခုစာအုပ်တွင် ခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းချက်များ၊ သမိုင်းအချက်အလက်များ၊ ခေါင်းလောင်းနှင့် ပတ်သက်၍ အင်တာနက် သတင်းများ၊ နိုင်ငံတကာမှ လာရောက်သုတေသနပြုရာမှ ရရှိခဲ့သည့် မှတ်တမ်းများကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်အောင် စုစည်းပေးထားသည်။ စာမြည်းရန်တွင် ပါဝင်သော ဆောင်းပါးစာရင်း မာတိကာကို ဖတ်ရှုနိုင်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|