|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မောင်းထောင်သာသနာပိုင် ဉာဏာဘိဝံသ ဓမ္မသေနာပတိ မဟာရာဇာဓိရာဇဂုရု၏ လူမထွက်မီ ပြုစုခဲ့သော ရှေးဦးသာသနာဝင်ကျမ်းဖြစ်သည်။ ကျမ်းတွင် ဗုဒ္ဓ၏ ပရိနိဗ္ဗာန်ပြုကာလအလွန် ပထမသံင်္ဂါယနာတင်ပြီးသော ကာလမှ ကျမ်းပြုပုဂ္ဂိုလ်၏ မျက်မှောက်ကာလအထိ ဖြစ်ပျက်ခဲ့သော သာသနာရေးရာအကျင့်၊ ဝိနည်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အခြေခံ ရေးသားထားသည်ကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ အဓိကအားဖြင့် အကြောင်းအရာ ၄ ချက်ကို အဓိကထား ရေးသားထားပြီး ၎င်းတို့မှာ သာသနာတော်နှင့် ဆက်သော သာသနာပြုများ၊ သာသနာပြုမင်းများ၊ သာသနာ ယိုယွင်းဖောက်ပြန်သော အခြင်းအရာများနှင့် မှန်ကန်အောင် သာသနာပြုသော အခြင်းအရာများတို့ ဖြစ်ကြသည်။ ထို့ပြင် ထိုခေတ်၏ ဘာသာရေးပြဿနာဖြစ်သော အတင်နှင့် အရုံဂိုဏ်တို့၏ အဓိကရုဏ်း ပြဿနာကိုလည်း အလေးပေး တင်ပြ ဖြေရှင်းပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|