|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သြဝါဒကောက်နှုတ်ချက်များ (အိတ်ဆောင်)
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 87
- Binding: Paperback
- Publication Month Year: Oct-1994
- Size: 9 cm x 13 cm
|
- Description: ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ သက်ရှိထင်ရှားရှိစဉ်က ဆရာတော်သည် တပည့်သား ရဟန်းသာမဏေများ၊ လူ ဒါယကာ ဒါယိကာမများအား နံနက်သြဝါဒအချိန်၌ လောကီလောကုတ္တရာရေးရာ အဖြာဖြာတို့ကို အခွင့်သင့်တိုင်း ဟောပြောသွန်သင်ဆုံးမတော်မူခဲ့သည်။ ရဟန်းသာမဏေဆိုလျှင်လည်း ဝိနည်းနှင့်အညီ နေထိုင်ကျင့်သုံးတတ်စေရန်၊ သာသနာ့ဝန်ဆောင်တတ်စေရန်၊ လူဒါယကာ ဒါယိကာမများတို့၏ မီးရှူးတန်ဆောင်သဖွယ် ကိုးကွယ်ဆည်းကပ်မှုကို ခံယူနိုင်ရန် ဝိရိယ, သတိ, သမာဓိ, ပညာတို့ဖြင့် မည်သို့ကြိုးပမ်းဆောင်ရွက်ရမည်ကို ညွှန်ပြ ဆုံးမတော်မူခဲ့သည်။ ထို့အတူ လူဒါယကာ ဒါယိကာမများအားလည်း လောကုတ္တရာရေးရာတွင် ဘာသာရေး ကိုးကွယ်တတ်စေရန်၊ သာသနာအဓိပ္ပာယ်သိပြီး သာသနာတည်တံ့တိုးတက်အောင် ဆောင်ရွက်တတ်စေရန် လမ်းညွှန်တော်မူခဲ့သည်။ ထို့ပြင်လောကီရေးရာ၌လည်း အသက်မွေးဝမ်းကျောင်း ပညာပုံမှအစ လူ့သဘော စောကြောတတ်ကာ မိမိကိုယ်တိုင်လည်း လမ်းမှား မလျှောက်မိဖို့အပြင် ကျန်းမာစွာ နေထိုင်စားသောက်တတ်ဖို့အထိ သတိပေးဆုံးမတော်မူခဲ့သည်။ ဆရာတော် ဆုံးမသွန်သင်ခဲ့သည့် သြဝါဒများမှ ကောက်နုတ်ချက်များကို ဤစာအုပ်တွင် ဖတ်ရှုနာကြားကြရမည်ဖြစ်သည်။ စာအုပ်ပါ သြဝါဒများမှာ လောကီလောကုတ် နှစ်ဖြာအကျိုးပေးမည့် သြဝါဒများ ဖြစ်သည်ကို တွေ့ရှိကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|