|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓဂုဏ်တော် (၉) ပါး ရုပ်စုံပြ
-
-
Author(s):
S.S ခင်မောင်အေး
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 173
- Binding: Paperback
- Publication Month Year: Dec-2010
- Size: 13 cm x 19 cm
|
- Description: “ဗုဒ္ဓ၏ ဂုဏ်တော် ၉ ပါး”သည် အရှိန်အဟုန်မြှင့်တင်ပေးသည့် တစ်ခုတည်းသော အစွမ်းအထက်ဆုံး “ကမ္မဋ္ဌာန်း”နည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ ဖြစ်နေပါလျက် “အရဟံ”ဆိုပြီး အဓိပ္ပာယ်အားလုံးကို မသိသေးဘဲ (အသိဉာဏ်ထဲမှာ စိမ့်ဝင်မနေသေးဘဲ) မျက်စိမှိတ်ပြီး ရွတ်ဖတ်ပူဇော်နေရုံလောက်ဖြင့် မကျေနပ်နေသင့်ကြောင့်၊ ထို့ကြောင့် “ဗုဒ္ဓဂုဏ်တော် ၉ ပါး”ကို “ဗုဒ္ဓနုဿတိဘာဝနာ”မြောက်စေခြင်း အကျိုးငှာ (၇ နှစ်သားလေးပင် နားလည်စေရန်) ဤစာအုပ်ကို စီစဉ်ရေးသားရခြင်းဖြစ်ကြောင်း စာရေးသူက အမှာစာတွင် ဆိုထားသည်။ စာအုပ်တွင် ဗုဒ္ဓဂုဏ်တော် ၉ ပါးအကြောင်းကို ဆေးရောင်စုံ ပန်ချီကား ၁၈ ပုံဖြင့် ကလေးများကအစ နားလည်စေအောင် ရှင်းပြထားသည်ကို တွေ့ရသည်။ ထို့ပြင် ဂုဏ်တော်ပူဇော်နည်း၊ ပူဇော်အကျိုး အမျိုးမျိုး၊ သောတာပန်လောင်တို့ စိတ်ဓာတ်နှင့် ဗုဒ္ဓနှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲအကြောင်းများကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြထားသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓဂုဏ်တော် ၉ ပါး၏ မြန်မာအဓိပ္ပာယ်ကို ဖတ်မိသူတိုင်း နားလည်သဘောပေါက်နိုင်အောင် တာဝန်ယူမည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|