|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရဟန္တာကိုးကျိပ်တို့၏ အောင်တံခွန်
-
-
Author(s):
ဝဏ္ဏသီရိ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 317
- Binding: Paperback
- Publication Month Year: Dec-2010
- Size: 13 cm x 21 cm
|
- Description: ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်ဖြစ်ခဲ့သော သိဟိုဠ်ကျွန်းရှိ မဟာဝိဟာရကျောင်းတိုက်သည် သာသနာသမိုင်းကြောင်း၏ အထင်ကရနေရာမှ ပါဝင်ခဲ့သည်။ လက်ရှိထေရဝါဒဗုဒ္ဓသာသနာတော်မှ အဋ္ဌကထာနှင့် ဋီကာကျမ်းအားလုံး နီးပါးသည် ထိုကျောင်းကြီး၏ ဦးစီးခေါင်းဆောင် မထေရ်မြတ်များအားလုံး သဘောတူ စိတ်တူ သတ်မှတ်၍ ပို့ချလာခဲ့သော အစီအစဉ်အရ ရေးသားထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုကျောင်းကြီးမှ သာသနာတော်အတွက် အကျိုးများသော အခြားကျမ်းဂန်များလည်းပေါ်ပေါက်ခဲ့ရာ “နားဝင်ချိုဆိမ့်သော အရသာကို ဆောင်ယူပေးသောကျမ်း”ဟု အမည်ရသည့် “မဓုရရသဝါဟိနီကျမ်း”သည်လည်း အပါအဝင်ဖြစ်သည်။ ထိုစာအုပ်တွင် ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးအပြစ်ဆိုင်ရာ ဝတ္ထုဇာတ်လမ်းများကို အသားပေးဖော်ပြထားရာ ထိုဝတ္ထုများကို ဖတ်ရှုခြင်းအားဖြင့် ဒါန၊ သီလစသော ကုသိုလ်ကောင်းမှုများကို ကြိုးစား၍ ပြုလုပ်လာတတ်စေခြင်း၊ ကုသိုလ်ကံကြောင့် စည်းစိမ်ချမ်းစာ ကြီးကျယ်စွာ ခံစားရပုံများကို သိရှိနိုင်ခြင်း၊ အလှူခံပုဂ္ဂိုလ်များဘက်ကလည်း သီလသိက္ခာ စင်ကြယ်စွာရှိက ဒကာ၊ ဒကာမများအဖို့ ပို၍ အကျိုးကြီးစေနိုင်ပုံကို သိရှိနိုင်ခြင်း၊ အကုသိုလ်ကြောင့် အပြစ်ဒဏ်ကျခံရပုံများနှင့် ထိုအပြစ်ဒဏ်များမှ လွတ်မြောက်နိုင်သည့် နည်းလမ်းများကို သိရှိနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိကြမည်ဖြစ်သည်။ ယခုစာအုပ်သည် “မဓုရရသဝါဟိနီကျမ်း”ပါ ဝတ္ထုဇာတ်လမ်း ၃၄ ပုဒ်ကို လွယ်ကူရှင်းလင်း ပြေပြစ်သော မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|