|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘုန်းတော်ကြီးဦးအုန်းခိုင်၏ ထေရုပ္ပတ္တိနှင့် ကျင့်စဉ်
-
-
Author(s):
ကျော်နန္ဒအောင်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 112
- Binding: Paperback
- Publication Month Year: Dec-2010
- Size: 13 cm x 19 cm
|
- Description: သီလပဋိပတ်ကို အထူးအလေးပြုတော်မူသလို သမာဓိဘက်ကလည်း အခြေခိုင်ခဲ့သည့် ဘီလင်းမြို့ ရွှေရောင်ပြတောင် ဆရာတော် ဘုန်းတော်ကြီး ဦးအုန်းခိုင်၏ ထေရုပ္ပတ္တိနှင့် ကျင့်စဉ်ကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။ ညစဉ် ရဟန်းတစ်ပါး အဖော်ပြုကာ သုဿန်ရှိရာသို့ ကြွ၍ သုဿာန်ဓူရ ဆောက်တည်တော်မူခြင်းကြောင့် သုဿာန်ဓူတင်၊ ကျောင်းသည် ရွာနှင့် ဝေးကွာသော တောရကျောင်းဖြစ်သောကြောင့် အာရညကင်ဓူတင်၊ ကျိန်းစက်သောအခါ လျောင်းခြင်းမရှိ၊ ထိုင်လျက်သာ ကျန်းသဖြင့် နိသဇ်ဓူတင်၊ ဆွမ်းအမြဲခံသောကြောင့် ပိဏ္ဍပါတ်ဓူတင်၊ ဆွမ်းစားရာတွင် တစ်နေရာတည်း တစ်ခွက်တည်းသာ စားသောကြောင့် ဧကာသနိက်ဓူတင်နှင့် ပတ္တပိုဏ်ဓူတင်၊ သင်္ကန်း ၃ ထည်ကိုသာ အမြဲဆောင်သောကြောင့် တိစီဝဂိတ်ဓူတင်၊ သုဿန်စောင့်သောအခါ သစ်ပင်အောက်၌သာ နေသောကြောင့် ရုက္ခမူဓူတင် အစရှိသော ဓူတင် ၈ ပါးကို အစဉ်အပြတ် အားထုတ်နိုင်ခဲ့သော ဘုန်းတော်ကြီး ဦးအုန်းခိုင်၏ ဘဝဖြစ်စဉ်နှင့်တကွ ဆရာတော်၏ တရားရှုမှတ်နည်းအကျယ်ပါရှိသည်။ မဟာစည်ဆရာတော် (ထိုစဉ်က အရှင်သောဘန)နှင့် အခြားဆရာတော်တစ်ပါးသည် မင်းကွန်းဇေဝတန်ဆရာတော်ထံသို့ တရားအားထုတ်ရန် ကြွခဲ့စဉ်က လမ်းခရီးတွင် ဘုန်းတော်ကြီး ဦးအုန်းခိုင်၏ကျောင်းသို့ ဝင်ရောက်ကာ တွေ့ဆုံ နည်းနာယူခဲ့သည်ဟု သိရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|