|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရုရှားပြည်တွင် တစ်ချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သော ဒုတိယမြောက် နစ်ကိုလပ်ဘုရင်ကြီးလက်ထက်၌ ဘုရင်နှင့် မိဖုရားတို့သည် ထိုစဉ်က ဂျပန်တို့နှင့် ဖြစ်ပွားနေသော စစ်၌ ရုရှားတို့ စစ်ရှုံးနေခြင်းကြောင့်လည်းကောင်း၊ တိုင်းပြည်တွင် ပုန်ကန်ထကြွသူများအရေးကြောင့် လည်းကောင်း စိတ်သောက ရောက်နေကြရာမှ မှော် ကဝေအတတ်ပညာရှင် ဘိုးတော်ဆိုသူများကို ကိုးကွယ်အားထားမိခဲ့ကြသည်။ နောက်ဆုံးတွင် ဆိုင်ဘေးရီးယန်း တောသားတစ်ဦးဖြစ်သည့် ရပ်စပြူတင်သည် ဘုရင်၊ မိဖုရားတို့၏ အားပေးထောက်ခံမှုဖြင့် ဘိုးတော်အဖြစ် နန်းတော်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး တိုင်းရေးပြည်ရေးကိစ္စများတွင်ပါ သူ၏ သြဇာလွှမ်းမိုးလာခဲ့သည်။ ထိုမျှပင် အားမရသေး၊ သူ၏ကိုယ်နှင့် ထိလျှင် အပြစ်မရှိဟုဆိုကာ ပုဂံခေတ် အရည်ကြီးများကဲ့သို့ ဇာတ်လမ်းရှုပ်ခဲ့သည့် သူသည် နောက်ဆုံးတွင် သေနတ်ဖြင့် လုပ်ကြံခြင်းခံခဲ့ရသည်။ ထိုမျှမက အလောင်းကို ရေခဲမြစ်အတွင်းသို့ ပစ်ချကာ လက်စဖျောက်ခြင်း ခံခဲ့ရသည်။ ယခုစာအုပ်သည် သူ့ကိုလုပ်ကြံခဲ့သူ ယူဆူပေါ့မင်းသား ကိုယ်တိုင်ရေးသားခဲ့သည့် စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ရပ်စပြူတင် နန်းတော်သို့ မည်သို့ မည်ပုံရောက်ရှိလာပုံ၊ နန်းတွင်း အရှုပ်တော်ပုံများကို ဖန်တီးခဲ့ပုံ၊ သူကို ခက်ခက်ခဲခဲ လုပ်ကြံခဲ့ရပုံ၊ လုပ်ကြံခံရပြီးနောက် ရုရှားတော်လှန်ရေးကြီး ပေါ်ပေါက်လာပုံနှင့် နောက်ဆုံး ဇာဘုရင် နန်းစွန့်ခဲ့ရပုံများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|