|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အာဖရိက လူမည်းပြည်သူများ၏ အကျိုးအတွက် ဘဝကို ရင်းနှီးမြုပ်နှံရင်း ဘဝ၏ အချိန်တော်တော်များများကို ထောင်ထဲတွင် ကုန်ဆုံးခဲ့သူ တောင်အာဖရိကခေါင်းဆောင် နယ်ဆန်မင်ဒဲလား ပတ်သက်၍ Timeမဂ္ဂဇင်း အယ်ဒီတာ Richard Stengelက ချစ်ခြင်း၊ မေတ္တာနှင့် ရဲစွမ်းသတ္တိဆိုင်ရာ သင်ခန်းစာ ၁၅ ခု ပါဝင်သည့် Mandelas Way စာအုပ်ကို မင်ဒဲလားနှင့် နာရီပေါင်းများစွာ တွေ့ဆုံမေးမြန်းပြီး ရေးသားထားရာ ယခုစာအုပ်မှာ ထိုစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် မင်ဒဲလား၏ ဘဝအပြင် သူ၏ အတွေးအခေါ်၊ စိတ်ဓာတ်၊ ချစ်မေတ္တာ၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အခက်အခဲ ဖြတ်ကျော်မှု အရည်အချင်းတို့ကိုပါ ဖွင့်ဆိုပြသထားသည်။ တစ်ချိန်က ကာလကြာရှည်စွာ ဖြစ်တည်ခဲ့သော လူဖြူ လူမည်း ပြဿနာနှင့်တကွ ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ အကြားတွင် မင်ဒဲလားသည် မည်ကဲ့သို့သော စိတ်ဓာတ်၊ ယုံကြည်ချက်တို့ဖြင့် ဖြတ်ကျော်အောင်မြင်ခဲ့သည်ကို ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|