|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မာယာထောင်ချောက်ဆင်နည်း သို့မဟုတ် ဖြားယောင်းသွေးဆောင်ခြင်း အနုပညာ
-
-
Author(s):
မောင်မြင့်ကြွယ်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 247
- Binding: Paperback
- Publication Month Year: Jul-2011
- Size: 14 cm x 21 cm
|
- Description: Robert Greene၏ ခေတ်သစ် မိတ္တဗလဋီကာဟု အမည်ရသည့် The Art of Seductionစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မိမိဘက်သို့ ပါလာအောင် ဆွဲဆောင် စည်းရုံးရန်ဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့တွင် အောင်မြင်အောင် ဆောင်ရွက်ရန် အလွန်ခဲယဉ်းသည့်ကိစ္စတစ်ခုဖြစ်သည်။ မိမိ၏ ဆောင်ရွက်မှု သို့မဟုတ် ချဉ်းကပ်သည့်ပုံစံ မှားယွင်းသွားပါက ပြောင်းပြန် အကျိုးသက်ရောက်မှုများပင် ဖြစ်ပေါ်လာနိုင်သည်။ ဤစာအုပ်သည် သင့်အား စည်းရုံးရေးမှူးကောင်းတစ်ယောက်ဖြစ်အောင် သင်ကြားပေးမည့် ဆရာတစ်ဆူဖြစ်သည်။ သို့သော် ဤစာအုပ်သည် ဘာလုပ်ပြီး ဘာလုပ်ဆိုသည့် လမ်းညွှန်စာအုပ်မဟုတ်ဘဲ မည်သို့လုပ်ဆောင်ပါက မှားယွင်းသည်၊ မည်သို့ ဆောင်ရွက်ပါက အောင်မြင်နိုင်သည်ဆိုသည့် သာဓကများကိုသာ ကမ္ဘာ့သမိုင်းမှ ဥပမာများနှင့် ယှဉ်၍ ဖွင့်ဆိုဖော်ပြထားခြင်း ဖြစ်သည်။ ဤစာအုပ်ပါ အကြောင်းအရာများကို သင်၏ ဉာဏ်စွမ်းဉာဏ်စနှင့် ပေါင်းစပ်ခြင်းဖြင့် လူတစ်ဦး၏ စိတ်ကို သိစိတ်မှ (သို့မဟုတ်) မသိစိတ်မှ လွှမ်းမိုးထားစေနိုင်မည်ဖြစ်သည်။ အောင်မြင်လိုသူ၊ ကြီးပွားတိုးတက်လိုသူ၊ ခေါင်းဆောင်ဖြစ်လိုသူတိုင်း လက်စွဲထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|