|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ခြေမှာ စကား၊ လက်ဖျားက ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာအနုပညာ ပြည်ပခရီးသွား မှတ်တမ်းလက်ရာ)
-
-
Author(s):
ဝင်းတင် (ဟံသာဝတီ)
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 192
- Binding: Paperback
- Publication Month Year: May-2019
- Size: 13 cm x 19 cm
|
- Description: ၁၉၇ဝ ခုနှစ် ဧပြီလခန့်က အဖွဲ့ဝင် ၅၁ ဦးပါရှိသော မြန်မာယဉ်ကျေးမှု ကဇာတ်အဖွဲ့တစ်ဖွဲ့သည် အနောက်ဥရောပသို့ မြန်မာ့အနုသုခမပညာကို ပြရန် ခရီးထွက်ခဲ့ကြသည်။ သူတို့သည် လန်ဒန်နှင့် ရောမမြို့များတွင် မြန်မာ့အလှနှင့် မြန်မာ့အကကို တင်ဆက်ပြသခဲ့ကြသည်။ ထိုအဖွဲ့နှင့်အတူ သတင်းစာဆရာ ၂ ဦးလိုက်ပါသွားခဲ့ရာ တစ်ဦးမှာ ထိုစဉ်က ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင် (ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)ဖြစ်သည်။ ဦးဝင်းတင်သည် ခရီးစဉ်တစ်လျှောက် သူတို့ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် တင်ဆက်ပြသမှုများကို ဟံသာဝတီသတင်းစာ၌ ဖော်ပြခဲ့ရာ ယခုစာအုပ်မှာ သတင်းစာပါ ထိုဆောင်းပါးများကို စုစည်း၍ ထုတ်ဝေထားခြင်းဖြစ်သည်။ သူတို့အဖွဲ့သည် လန်ဒန်မြို့ ဆက်ဒလာဝဲလ်စ်ဇာတ်ရုံ၌ ၁၄ ချီ၊ ရောမမြို့ အိုလံပီကိုဇာတ်ရုံ၌ ၅ ချီပြခဲ့ရာ လန်ဒန်နောက်ဆုံးပွဲ၌ လူ ၁၄၉၉ ဦးဆံ့သော ဆက်ဒလာဝဲလ်စ်ဇာတ်ရုံ အပြည့်လူဝင်သည်အထိ အောင်မြင်မှု ရရှိခဲ့သည်။ ဆောင်းပါးများတွင် မြန်မာ့သဘင်အနုပညာအပေါ် ဥရောပသားများ၏ အမြင်၊ လန်ဒန်တွင် သူတွေ့မြင်ခဲ့ရသည့် အရင်းရှင်ကမ္ဘာ၏ စီးပွားရေး နိုင်ငံရေးနှင့် လူမှုရေးများ၊ အလုပ်သမားတို့၏ သပိတ်မှောက်ပွဲများ၊ ခရီးသွားမြင်ကွင်းများကို သတင်းသမားပီပီ ထောင့်မျိုးစုံမှ သုံးသပ်ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ စာအုပ်အပေါ် ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး မင်းယုဝေတို့၏ အမြင်ကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|