|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အစ္စရေးကို ကယ်တင်ခြင်း
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 236
- Binding: Paperback
- Publication Month Year: Sep-2011
- Size: 13 cm x 21 cm
|
- Description: အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၏ ပညာသင်ဆုရရှိခဲ့သူ စာရေးသူသည် အစ္စရေးနိုင်ငံသို့ သွားရောက်ကာ Media Strategies for Social Changeသင်တန်းကို ၁ လ တက်ရောက်ခဲ့ပြီးနောက် ယခုစာအုပ်ကို ရေးသားလိုက်ခြင်းဖြစ်သည်။ ထို ၁ လအတွင်း သတင်းစာဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ တပ်မတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ အစရှိသည်ဖြင့် အလွှာပေါင်းစုံနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည့်အပြင် အစ္စရေးနိုင်ငံ နေရာအနှံ့ကိုလည်း မျက်မြင်ကိုယ်တွေ့ ရောက်ရှိခဲ့ရာ ထိုကိုယ်တွေ့များနှင့် စာအုပ်စာတမ်းများပါ အစ္စရေးနိုင်ငံအကြောင်းကို ပေါင်းစပ်ရေးသားထားသည်။ ၁၉၄၈ ခုနှစ် အစ္စရေး လွတ်လပ်ရေး စစ်ပွဲမတိုင်မီ ဆယ်စုနှစ်ပေါင်းများစွာမှ စတင်ခဲ့သော တိုက်ပွဲများအကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတို့၏ အသတ်ခံရပုံ၊ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင်လည်း ကြုံတွေ့နေရဆဲဖြစ်သော လုံခြုံရေး၊ နိုင်ငံရေး၊ စီပွားရေးဆိုင်ရာ စိန်ခေါ်မှုများအကြောင်း၊ လက်ရှိ အစ္စရေးနိုင်ငံ၏ အနေအထား စသည်တို့ကို စာအုပ်တွင် ဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ်ရေးသားထားသည်။ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးက အမှာစာရေးပေးထားရာတွင် “ဤစာအုပ်ထဲမှ ပြည့်ဝသော အချက်အလက်များကို ဖတ်ရပြီး မြန်မာစာဖတ်ပရိသတ်အနေဖြင့် အစ္စရေးနိုင်ငံ၏ အနှစ်သာရကြွယ်ဝမှုများကို ပိုမိုသိခွင့် ရလာကြပါလိမ့်မည်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|