|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဆိုရှယ်လစ်ခေတ်က ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး၊ စက်မှု ၁ ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း တင့်ဆွေက သူ၏ ဒုတိယဇာတိမြို့ကဲ့သို့ ဖြစ်နေသော မိတ္ထီလာမြို့အကြောင်း၊ မိတ္ထီလာကန်အကြောင်း၊ မိတ္ထီလာတွင် သူ တာဝန်ထမ်းဆောင်ခဲ့စဉ်က သိကျွမ်းခဲ့ရသည့် တပ်မှူးများအကြောင်း၊ မိတ္ထီလာတိုက်ပွဲနှင့် သာစည်တိုက်ပွဲများအကြောင်းကို စာအုပ်တစ်အုပ်အနေဖြင့် ရေးသားထားခြင်းဖြစ်သည်။ အထူးသဖြင့် သူကိုယ်တိုင် မိတ္ထီလာမြို့၌ သံချပ်ကာ တပ်ရင်းမှူးနှင့် မိတ္ထီလာတပ်နယ်မှူးတာဝန်များအား ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရောင်စုံသူပုန်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့်အတွေ့အကြုံများ၊ မိတ္ထီလာမြို့ စည်ပင်သာယာရေးနှင့် မိတ္ထီလာကန် ဆယ်ယူရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ခဲ့သည်များ၊ မိတ္ထီလာကန် ဆယ်ယူရေးကို ရှေးမြန်မာမင်းအဆက်ဆက်ကတည်းက ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းတို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|