|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဟစ်တလာသည် ကွန်မြူနစ် ဆန့်ကျင်သူဖြစ်သော်လည်း သူ၏ အနီးဆုံးရန်သူဖြစ်သည့် အင်္ဂလိပ်တို့ကို ချေမှုန်းရန်အတွက် ဒုတိယကမ္ဘာစစ် စတင်ချိန်၌ ရုရှားကွန်မြူနစ်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်၊ မဟာမိတ်စာချုပ်များ ချုပ်ဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အင်္ဂလိပ်တို့ကို အပြတ်ချေမှုန်း၍ မရနိုင်မှန်း သိလာသောအခါတွင် ရုရှားတို့၏ ရေနံနှင့် သဘာဝတွင်းထွက်ပစ္စည်းများကို ရယူလိုစိတ်ဖြင့် ရုရှားတို့ကို အငိုက်ဖမ်းကာ စစ်မျက်နှာသစ်ဖွင့်၍ တိုက်ခိုက်ခဲ့သည်။ ပထမပိုင်းတွင် စတာလင်ဦးဆောင်သည့် ရုရှားတို့သည် အရေးနိမ့်နေသော်လည်း တိုက်ပွဲအရှိန်ရလာသောအခါ စတာလင်က သူ၏ အတော်ဆုံးဗိုလ်ချုပ်များကို ထုတ်သုံး၍ ဟစ်တလာ၏ တိုက်စစ်ကို ဟန့်တားနိုင်ခဲ့သည်။ နောက်ဆုံး၌ ရုရှားတို့သည် ဂျာမန်တို့၏ မြို့တော် ဘာလင်ကိုပင် သိမ်းယူ၍ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ရုရှားတို့၏ ကံကြမ္မာကို တစ်မျိုးတစ်ပုံ ပြောင်းစေခဲ့သည့် ရုရှားစစ်ခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး Georgy Constantinovich Zhukovပင်ဖြစ်သည်။ သူသည် မြေအနေအထားကို ကောင်းစွာ သုံးသပ်တတ်သူဖြစ်ပြီး တန်ပြန်တိုက်စစ်များကို ဆင်နွှဲရာတွင်လည်း ထူးချွန်ထက်မြက်သူဖြစ်သည်။ ဟစ်တလာတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲများတွင် သူ၏ စစ်ရေးစွမ်းရေကို မဟာမိတ်တပ်များ အံ့သြလေးစားလောက်အောင် ပြသနိုင်ခဲ့သည်။ ယခုစာအုပ်တွင် သူ၏ ဘဝဖြစ်စဉ်နှင့်တကွ သူဆင်နွှဲခဲ့သည့် မော်စကိုတိုက်ပွဲ၊ စတာလင်ဂရက်တိုက်ပွဲများအကြောင်းကိုပါ အသေးစိတ်မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|