|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကမ္ဘာကျော်ထောက်လှမ်းရေးသမားများအနက် မော့ဆက်လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်ဖြစ်သူ အယ်လီကိုဟန်မှာ နာမည်ကျော်ကြားလှသည်။ သူသည် အာရပ်လူမျိုး ထင်ရှားအောင်မြင်သော ကုန်သည်တစ်ဦးအဖြစ် ဆီးရီးယားနိုင်ငံသို့ ဝင်ရောက်ကာ တစ်ကိုယ်တော် ထောက်လှမ်းရေးလုပ်ငန်းများကို လှုပ်ရှားခဲ့သည်။ ဆီးရီးယားနိုင်ငံ၏ စစ်ရေးဗျူဟာများ၊ စစ်ရေးအခင်အကျင်းများအပါအဝင် အစ္စရေးနိုင်ငံအတွက် အကျိုးပျက်စီးမှု ဖြစ်နိုင်သမျှသတင်းများကို မော့ဆက်ဌာနချုပ်သို့ ပေးပို့နိုင်ခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်တွင် အောင်မြင်သော အာရပ်လူမျိုး ဆီးရီးယားနိုင်ငံသားတစ်ဦးအဖြစ် စစ်ဘက်ရေးရာ အထက်တန်းအရာရှိများ၊ အရပ်ဘက်ဆိုင်ရာ လူချမ်းသာများဖြင့် ဝန်းရံနေနိုင်အောင် အယုံသွင်းပေါင်းသင်း၍ လျှို့ဝှက်သတင်းများ ရယူနိုင်ခဲ့သည်။ ဆီးရီယားသမ္မတကိုယ်တိုင် သူ့ကို မိတ်ဆွေရင်း၊ ညီအစ်ကိုရင်းကဲ့သို့ ယုံကြည်မိခဲ့ပြီး သမ္မတအိမ်တော်ကို တံခါးမရှိ၊ ဓားမရှိ ဝင်ခွင့်ပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဆောင်ရွက်ရန်ပင် ကမ်းလှမ်းမိခဲ့သည်။ သူ့ကို ဖမ်းမိချိန်တွင် ဆီးရီးယားသမ္မတကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ခံစားမိခဲ့ရပြီး၊ သူလွတ်မြောက်ရန်အတွက် အစ္စရေးဝန်ကြီးချုပ်ကိုယ်တိုင် ကြိုးစားပေးခဲ့သည်။ ယခုစာအုပ်တွင် သူ၏ ငယ်စဉ်ဘဝမှစ၍ ထောက်လှမ်းရေးအေးဂျင့်ဖြစ်လာပုံ၊ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|