|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မပြောခဲ့ကြသော အရင်းရှင်စနစ်၏ လျှို့ဝှက်ချက်များ
-
-
Author(s):
နေဇင်လတ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 410
- Binding: Paperback
- Publication Month Year: Dec-2011
- Size: 13 cm x 21 cm
|
- Description: Dr Ha-Joon Chang's Secret of Capitalismကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၂၁ ရာစုကို ဒီမိုကရေစီနှင့် အရင်းရှင်ဝါဒတို့၏ အတွဲအစပ်ပိုမိုအားကောင်းလာမည့် ရာစုဟု သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော အရင်းရှင်ဝါဒ၏ မူကွဲတစ်ခုဖြစ်သော လွတ်လပ်ဈေးကွက် စီးပွားရေစီးကြောင်းတွင် နိုင်ငံအမြားအပြား လွှဲရှောင်၍မရအောင် လိုက်ပါလာခဲ့ကြပြီး ဖြစ်၍ဖြစ်သည်။ ထိုသို့ လိုက်ပါကြရာတွင် အောင်မြင်သွားသော နိုင်ငံများ ရှိသကဲ့သို့ ရုန်းကန်လှုပ်ရှားဆဲမှ ရုန်းမထွက်နိုင်ကြသေးသည့် နိုင်ငံများလည်း ရှိဆဲဖြစ်သည်။ အရင်းရှင်ဝါဒ၏ လွတ်လပ်ဈေးကွက်စီးပွားစနစ်ကို ကျင့်သုံး၍ အောင်မြင်ချမ်းသာသွားကြသော နိုင်ငံကြီးများက ထိုစနစ်နှင့် ပတ်သက်သည့် လျှိုု့ဝှက်ထားခဲ့သော အချက်အချို့နှင့် လွတ်လပ်ဈေးကွက် စီးပွားရေစီးကြောင်းအတိုင်း လိုက်ခဲ့ကြသော်လည်း မအောင်မြင်သေးသည့် နိုင်ငံများ ဘာကြောင့် မအောင်မြင်ရသည်ကို တောင်ကိုးရီးယား ဘောဂဗေဒပညာရှင် မူရင်းစာရေးသူက ဤစာအုပ်တွင် ဖော်ထုတ်ပေးထားသည်။ ယခုခေတ်သည် “ပညာခေတ်”ဖြစ်သော်လည်း ပညာတတ်ပေါများသော နိုင်ငံအချို့ ဘာကြောင့်မအောင်မြင်ရသည်ကိုလည်းကောင်း၊ သင့်တင့်စွာပညာတတ်သော နိုင်ငံများ ဘာကြောင့် အောင်မြင်မှုရကြသည်ဆိုသည်ကိုလည်းကောင်း၊ ဦးဆောင်သူ၏ အခန်းကဏ္ဍ မည်မျှအရေးပါပုံကိုလည်းကောင်း၊ ခေါင်းဆောင်တို့၏ ခြုံငုံမြင်နိုင်မှု၊ စနစ်အကြောင်း အမှန်တကယ် ခြေခြေမြစ်မြစ် သိရှိနိုင်မှု၊ ရေရှည်အတွက် မဟာဗျူဟာကောင်းများ ချမှတ်နိုင်မှု မည်မျှအရေးကြီးကြောင်းကိုလည်းကောင်း ဤစာအုပ်တွင် အသေးစိတ် ဝေဖန်သုံးသပ်ဆွေးနွေးထားသည်။ စီးပွားရေးနှင့် နိုင်ငံရေးသမားတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|