|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အမှတ်တရ တိုက်ပွဲများ (အတွဲ ၉) (ခြူးရွှေပန်ကောက်တိုက်ပွဲကြီး)
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 324
- Binding: Paperback
- Publication Month Year: Mar-2012
- Size: 12 cm x 17 cm
|
- Description: ၁၉၇၇ ခုနှစ်က မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့သော တရုတ်ပြည် အမြဲတမ်းပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မဒမ်တိန့်ရင်ချောင်း (ထိုစဉ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ ဇနီး)၏ မြန်မာပြည် ချစ်ကြည်ရေးခရီးကို တုံ့ပြန်သည့်အနေဖြင့် ဗကပဗဟိုကော်မတီသည် ဟိုပန်ဒေသစိုးမိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ မြန်မာပြည်၏ အထင်ကရတိုက်ပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သော ဖြူးရွှေပန်ကောက် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ရသည်။ ထိုစစ်ဆင်ရေးတွင် ဗကပတပ်များကို ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့် သားသမီးများက ဦးဆောင်ခဲ့ကြပြီး အင်အား ငါးထောင်ခန့် ပါဝင်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးမှာ တစ်လကျော်အချိန်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးများစွာ ရှိခဲ့သည်။ ထိုသမိုင်းဝင်တိုက်ပွဲအကြောင်းကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။ ခြူးရွှေပန်ကောက်တိုက်ပွဲ မဖြစ်ခင် ဗကပတို့၏ စစ်ရေး၊ နိုင်ငံရေး အခြေအနေ၊ တိုက်ပွဲစဖြစ်ပုံ၊ တိုက်ပွဲအသေးစိတ်ဖော်ပြချက်၊ ထိုတိုက်ပွဲတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် မြန်မာ့တပ်မတော် (လေ)၊ တိုက်ပွဲသုံးသပ်ချက်နှင့် သင်ခန်းစာ ဖော်ထုတ်ချက်၊ ဗကပဖက်မှ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောအကြောင်း၊ ထိုတိုက်ပွဲကြီးတွင် မြန်မာတပ်မတော်မှ စွမ်းရည်ဘွဲ့ရခဲ့သူများ၊ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် တပ်မမှူးများ၏ ပြောကြားချက်များ အစရှိသည်တို့ကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|