|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဘိုးဘွားများလက်ထက်က တည်ထားသော စေတီတော်နှင့် မုခ်လိုဏ်ရုပ်ပွားဘုရားသည် ပျက်စီးယိုယွင်းနေသည်ဖြစ်၍ သင့်ရာအရပ်တစ်ပါးသို့ ရွေ့ပြောင်း အသစ်ပြုလုပ် ကိုးကွယ်မည်ဟု ကြံစည်ရာတွင် အချို့က အပ်စပ်သည်၊ အချို့က မအပ်စပ်ဟု ဝေဖန်ကြရာ ၎င်းနှင့် ပတ်သက်၍ ကျမ်းအမျိုးမျိုးနှင့် အဖြေဝိသဇ္ဇနာအမျိုးမျိုးတို့ကို ရေးသားထုတ်ဝေတော်မူသော ထိမ်တောဆရာတော်က ပိဋကတ်တော် အထောက်အထား အခိုင်အလုံနှင့်တကွ အဆုံးအဖြတ်ပေးထားသော ကျမ်းဖြစ်သည်။ စေတီမှ ဘုရားကို ရွှေ့ပြောင်း တည်ထိုက်, မတည်ထိုက်၊ စေတီတော်နားရှိ အခြား ပျက်စီးနေသော စေတီ ၂ ဆူကို ဖျက်ယူ၍ ၁ ဆူတည်း တည်ထိုက်, မတည်ထိုက်၊ မူလစေတီထက် ကြီးအောင် (သို့မဟုတ်) သေးငယ်အောင် တည်ထိုက် , မတည်ထိုက်၊ စေတီတော်ကို မွမ်းမံပြင်ဆင်ရသည့်အတွက် ဘိုးဘွား မိဘများမှာ အမျှမဝေဘဲ ကုသိုလ် ရ မရ၊ ဘုရားအိုကို ပြင်ဆင်ရသည့်အတွက် ရသည့်အကျိုး၊ စေတီပြင်ဆင်ပြီးနောက် အနေကဇာတင်ပွဲကို ဇာတ်, ရုပ်သေးရုပ်တို့ဖြင့် ပြုလုပ်လျှင် သံသရာပြစ်ဝန် လွတ် , မလွတ်၊ စေတီဟောင်းနေရာ၌ သိမ်သမုတ်ခြင်း၊ အရုဏ်ခံပြသာဒ်ဆောက်လုပ်ခြင်း ပြုလုပ်လျှင် သံသရာ ပြစ်ဝန် လွတ် , မလွတ်တို့ကိုပါ အဆုံးအဖြတ် ပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|